
ပရီးမီးယားလိဂ်မှာထက် စပိန်လာလီဂါမှာ ကစားချင်ကြောင်း လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ် က ပြောသွားပါတယ်။
ကနေဒါတိုက်စစ်မှူးဟာ လိုင်လီမှာ ခြေစွမ်းပြနေတာကြောင့် ပရီးမီးယားလိဂ်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသူပါ။
လိဂ်ပြိုင်ပွဲတိုင်းက ကွဲပြားခြားနားမှုရှိပြီး မိမိအနေနဲ့ ဘယ်နိုင်ငံကလိဂ်မှာမဆို အံဝင်အောင် ကစားနိုင်ကြောင်း၊ ပရီးမီးယားလိဂ်က တခြားလိဂ်ပြိုင်ပွဲတွေထက် ပိုမြန်သလို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်း ပိုရှိဖို့လိုအပ်ကြောင်း တိုက်စစ်မှူး ဒေးဗစ်က ပြောပါတယ်။
လာလီဂါပြိုင်ပွဲတွေကို ကြည့်ရှုရင်း ကြီးပြင်းလာတဲ့သူဖြစ်လို့ တချိန်မှာတော့ စပိန်လာလီဂါမှာ သွားရောက်ကစားချင်ကြောင်း၊ ဂျိုနသန်ဒေးဗစ်က ပြောပါတယ်။
စပိန်လာလီဂါမှာ ကစားချင်တဲ့ သူ့ရဲ့အိပ်မက်ကြောင့် ပရီးမီးယားလိဂ်အသင်းတွေဘက်က ခေါ်ယူဖို့ အခက်အခဲ ရှိလာနိုင်ကြောင်း မီဒီယာတွေက ခန့်မှန်းသုံးသပ်ကြပါတယ်။
Source:Reuters