DVB Logo
Home
နိုင်ငံတကာ
တဲလ်အဗစ်လေဆိပ်ကို ဟူသီဒုံးကျည်ဖြင့်ပစ်ခတ်မှု အစ္စရေး ကြားဖြတ်ဟန့်တား
DVB
·
March 20, 2025
တဲလ်အဗစ်လေဆိပ်ကို ဟူသီဒုံးကျည်ဖြင့်ပစ်ခတ်မှု အစ္စရေး ကြားဖြတ်ဟန့်တား
Donate to DVB

အီရန်ကျောထောက်နောက်ခံပြု ယီမင်နိုင်ငံရှိ ဟူသီစစ်သွေးကြွအဖွဲ့ဟာ မတ် ၂၀ ရက် အစောပိုင်းက အစ္စရေးနိုင်ငံရဲ့ တဲလ်အဗစ်မြို့တော်အနီးရှိ ဘန်ဂူရီယွန်လေဆိပ်ကို ပဲ့ထိန်းဒုံးကျည်တစင်း ပစ်ခတ်ခဲ့ကြောင်း ဟူသီစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက မတ် ၁၉ ရက် ရုပ်မြင်သံကြားထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ယာယျာဆာရီးက “ယီမင်စစ်တပ်ရဲ့ ဒုံးကျည်တပ်ဖွဲ့ဟာ အရည်အသွေးပြည့်ဝတဲ့ စစ်ဆင်ရေးတရပ်ကို ဆင်နွှဲခဲ့ပြီး သိမ်းပိုက်ထားတဲ့ ဂျက်ဖာဒေသရှိ ဘန်ဂူရီယွန်လေဆိပ်ကို ပါလက်စတိုင်းတူး ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းနဲ့ စစ်ဆင်ရေးကလည်း ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ကြောင်း”လို့ ပြောပါတယ်။

ယီမင်ရှိ ဟူသီစစ်သွေးကြွတွေဟာ မတ် ၁၅ ရက် ကတည်းက ပြုလုပ်ခဲ့တဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုလှိုင်းတွေကြောင့် စိတ်ပျက်မသွားဘဲ အစ္စရေးကို ပစ်မှတ်ထား တိုက်ခိုက်တာ အပါအဝင် သူတို့ရဲ့ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

အစ္စရေးစစ်တပ်ကလည်း ဟူသီသူပုန်တွေနဲ့ ရန်လိုမှုတွေ ပိုမိုပြင်းထန်လာချိန်မှာ ယီမင်နိုင်ငံက ပစ်လွှတ်တဲ့ ဒုံးကျည်တစင်းကို ကြာသပတေးနေ့ အစောပိုင်းမှာ ကြားဖြတ်ဟန့်တားခဲ့ကြောင်း ပြောကြားခဲ့ပြီး ဒုံးကျည်ပစ်လွှတ်ပြီးနောက် အစ္စရေးနိုင်ငံရှိ ဧရိယာအများအပြားမှာ အချက်ပေးသံတွေ ထွက်ပေါ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

တဲလ်အဗစ်နဲ့ ဂျေရုဆလင်တို့မှာ သတိပေးဥသြသံတွေ ကြားခဲ့ရတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။

အစ္စရေးရဲ့ လူနာတင်ယာဉ် ဝန်ဆောင်မှုအဖွဲ့ကတော့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013