DVB Logo
Home
နိုင်ငံတကာ
အစ္စတန်ဘူလ်မြို့တော်ဝန် ဖမ်းဆီးခံရမှု ဆန္ဒပြ ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
March 20, 2025
အစ္စတန်ဘူလ်မြို့တော်ဝန် ဖမ်းဆီးခံရမှု ဆန္ဒပြ ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်
Donate to DVB

တူရကီနိုင်ငံသမ္မတ တာယစ်အာဒိုဂန်ရဲ့ အဓိကပြိုင်ဘက်  အစ္စတန်ဘူလ်မြို့တော်ဝန် အက်ခရမ် အမ်မမ်မိုဂလူ အဖမ်းခံရပြီးတဲ့နောက် မတ် ၁၉ ရက်က အစ္စတန်ဘူလ်တက္ကသိုလ်နားမှာ ဆန္ဒပြ ကျောင်းသားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ 

အစ္စတန်ဘူလ်တက္ကသိုလ်က မှားယွင်းမှုတွေကြောင့်လို့ပြောရင်း အမ်မမ်မိုဂလူရဲ့  ဒီပလိုမာကို မတ် ၁၈ ရက် မှာ ဖျက်သိမ်းခဲ့ပါတယ်။

တက္ကသိုလ်အပြင်ဘက်မှာ ဆန္ဒပြ ကျောင်းသားတွေကို အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက လူစုခွဲဖို့ ငရုတ်ကောင်းရည်တွေကို သုံးပြီး ကြိုးပမ်းခဲ့ကြပါတယ်။

တူရကီသမ္မတရဲ့ အဓိကပြိုင်ဘက် အမ်မမ်မိုဂလူအား အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်အဖွဲ့ကို ကူညီထောက်ပံ့မှု စွဲချက်တွေနဲ့ မတ် ၁၉ ရက်မှာ တူရကီအစိုးရက ဖမ်းဆီးလိုက်တာပါ။ 

“ကျနော်တို့ရဲ့ နောင်တက်မယ့် သမ္မတကို အာဏာသိမ်းလိုက်တာ” လို့ အဓိက အတိုက်အခံ ပါတီက ပြောပါတယ်။

သက်တမ်း ၂ ကြိမ် ရွေးချယ်ခံ မြို့တော်ဝန် အမ်မမ်မိုဂလူကို ဖမ်းဆီးတာဟာ ရွေးကောက်ပွဲ အလားအလာကို ထိခိုက်အောင် နိုင်ငံရေးအရ ကြိုးပမ်းမှုလို့ ဝေဖန်ခံထားရပါတယ်။

နိုင်ငံတဝန်း အတိုက်အခံတွေကို လပေါင်းများစွာ တရားဝင် ဖြိုခွင်းခဲ့လို့ ရွေးကောက်ပွဲ အလားအလာကို ထိခိုက်အောင် နိုင်ငံရေးအသုံးချ ကြိုးပမ်းချက်အဖြစ် ဝေဖန်ခံနေရပါတယ်။ 

သဘောထား စစ်တမ်းတွေထဲမှာ အာဒိုဂန်ရဲ့ ရှေ့ကနေ ဦးဆောင်နေတဲ့ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ အမ်မမ်မိုဂလူဟာ ရက်ပိုင်းအတွင်း သူ့ရဲ့ ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ (CHP) ရဲ့ တရားဝင် သမ္မတလောင်းအဖြစ် ခန့်အပ်ခံရမယ့်သူပါ။ 

အခုတော့ သူဟာ ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်းကို ဦးဆောင်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်လှည့်ဖြားမှုတို့ အပါအဝင် သီးခြား စုံစမ်းစစ်ဆေးမှု ၂ ရပ်ကို ရင်ဆိုင်နေရပါတယ်။ 

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013