
သမိုင်းတလျှောက် အကြီးကျယ်ဆုံးနဲ့ ငွေကြေးအကုန်အကျအများဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို မက္ကဆီကိုနိုင်ငံရဲ့ အက်ဇ်တီကာကွင်းကြီးမှာ ဒီနေ့မနက် စတင်ကျင်းပခဲ့တာမှာ ကွင်းအတွင်းမှာ ပျော်ရွှင်စရာတွေ ရှိနေပေမဲ့ ကွင်းအပြင်ဘက်မှာတော့ ဆန္ဒပြမှုတွေကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ဆရာသမားများသမဂ္ဂက ဦးဆောင်တဲ့ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို ခဲတွေ၊ ပုလင်းဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ကလည်း အင်အားသုံးနှိမ်နင်းခဲ့လို့ ရဲမေတယောက် ဦးခေါင်းမှာ သွေးထွက်သံယို ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဖွင့်ပွဲစဉ်မှာတော့ ပူးတွဲအိမ်ရှင်မက္ကဆီကိုအသင်းက တောင်အာဖရိကအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပွဲမစခင်မှာ ကမ္ဘာကျော်အဆိုတော် ရှာကီယာအပါအဝင် နာမည်ကြီး အဆိုတော်တွေက တေးသီချင်း တွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့လို့ ပရိသတ်တွေ အလွန်ကို သဘောကျခဲ့ကြပါတယ်။
Photo:Reuters











