DVB Logo
Home
မြန်မာသတင်း
ARSA ရိုဟင်ဂျာ ခေါင်းဆောင် အပါအဝင် ၆ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
DVB
·
March 19, 2025
ARSA ရိုဟင်ဂျာ ခေါင်းဆောင် အပါအဝင် ၆ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
Donate to DVB

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA)ရဲ့ ခေါင်းဆောင်တယောက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးလိုက်တဲ့အကြောင်း မတ် ၁၇ ရက်ထုတ် ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၄၈ နှစ်အရွယ် ARSA ခေါင်းဆောင် အာတာအူလာ အပါအဝင် ၆ ယောက်ကို ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးအဖွဲ့ (RAB) က မြို့တော်ဒါကာ အစွန်အဖျား အဆောက်အအုံတခုအတွင်း အစည်းအဝေးပြုလုပ်နေချိန် ဖမ်းမိခဲ့တာဖြစ်ပြီး ဆက်စပ်ဖမ်းဆီးမှု အနေနဲ့ အလယ်ပိုင်းခရိုင် မိုင်မန်ဆင်းမြို့မှာ နောက်ထပ် ၄ ယောက်ကို ထပ်မံဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့နဲ့အတူ ဘင်္ဂလားဒေ့ရှ်တာကာငွေ ၂ ဒသမ ၁ သန်း၊ ဓားချွန်တချောင်း၊ သံမဏိ ကြိုးတချောင်းနဲ့ လက်ပတ်နာရီ ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့ကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်မှုတွေနဲ့ ဖမ်းဆီးခံရတာလို့ သတင်းတွေမှာ ဖော်ပြထားသလို အာတာအူလာဟာ ကုတုပါလောင်ဒုက္ခသည်စခန်းက အထင်ကရ ရိုဟင်ဂျာ ခေါင်းဆောင် မိုဟစ်အူလာကို သတ်ဖြတ်ဖို့ အမိန့်ပေးတဲ့ ကိစ္စနဲ့အတူ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတယောက် ကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိကြောင်းလည်း ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရရှေ့နေ ခိုးရှေး အာလာမ် မိုလာကတော့ စွပ်စွဲခံရသူတွေဟာ နိုင်ငံတဝန်း ပျံ့နှံ့နေတဲ့ သူတို့ရဲ့ကွန်ရက်တွေကနေတဆင့် နိုင်ငံတော် ပုံရိပ်ကို ထိခိုက်စေပြီး ညှိုးနွမ်းစေဖို့အတွက် ပူးပေါင်းကြံစည်နေတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့သလို သူတို့ဟာ တရားဝင် နိုင်ငံကူးလက်မှတ်တွေ၊ ဗီဇာတွေမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တရားမ၀င် ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ARSA စစ်သွေးကြွ ခေါင်းဆောင် အာတာအူလာ အာတာအူလာ အပါအဝင် အားလုံးကို အမှုတခုကို ၅ ရက်စီနဲ့ စုစုပေါင်း ချုပ်ရမန် ၁၀ ရက် ရယူပြီး စစ်ဆေးမေးမြန်းသွားဖို့ အမိန့်ထုတ်ထားပါတယ်။

ARSA အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာနယ်ခြားစောင့်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး သူတို့ကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ တန်ပြန်တိုက်ခိုက်ရာမှာ ဒေသခံ ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ARSA အဖွဲ့ဟာ စစ်ကောင်စီတပ်တွေနဲ့ မဟာမိတ်အဖြစ် ပြန်လည်ပူးပေါင်းပြီး အာရက္ခတပ်တော် (AA) တပ်တွေကို ပြန်လည်တိုက်ခိုက်နေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013