DVB Logo
Home
မြန်မာသတင်း
မြဝတီ၌ ကျားဖြန့် ၁ သိန်းထိ ဆက်ရှိနေဟု ထိုင်းရဲချုပ်ပြော
DVB
·
March 19, 2025
မြဝတီ၌ ကျားဖြန့် ၁ သိန်းထိ ဆက်ရှိနေဟု ထိုင်းရဲချုပ်ပြော
Donate to DVB

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကို နိုင်ငံစုံ ပူးပေါင်း နှိမ်နင်းခဲ့ပေမဲ့ ထိုင်း-မြန်မာ နယ်စပ် မြဝတီဒေသတွင်းက အဆိုပါ လုပ်ငန်းတွေမှာ လူပေါင်း ၅ သောင်းကနေ ၁ သိန်းအထိ ဆက်လက်လုပ်ကိုင်နေကြဆဲပဲလို့ Reuters သတင်းမှာ မတ် ၁၈ ရက်က ဖော်ပြပါတယ်။

ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်း နှိမ်နင်းရေးဆိုင်ရာ စစ်ဆင်ရေးတွေကို ဦးဆောင်နေတဲ့ ထိုင်းရဲတပ်ဖွဲ့ ရဲမှူးချုပ် ဗိုလ်မှူးကြီး ထက်ချိုင်း ဖိထားနီလာဘူထာ့ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြလိုက်တာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေထဲက လူပေါင်း ၅,၀၀၀ လောက် ကယ်ထုတ်နိုင်ခဲ့သလို အဲဒီထဲက ရာနဲ့ချီနဲ့လူတွေကတော့ သူတို့ သဘောဆန္ဒအလျောက် သွားခဲ့တာလို့ ပြောလိုက်တာပါ။

“လူတော်တော်များများက မြဝတီကို အလုပ်ရှာဖို့ သွားရောက်ရာမှာ ခိုးဝင်လမ်းကြောင်း အနေနဲ့ ထိုင်းနိုင်ငံကို အသုံးပြုကြပြီး ဒါဟာ ကောလ်စင်တာဂိုဏ်းတွေသာမက အွန်လိုင်း လောင်းကစားအလုပ်နဲ့ တခြား အသက်မွေးဝမ်းကျောင်းအလုပ်တွေပါ ပါဝင်နေပါတယ်။”

ဒါပေမဲ့ သူ့ရဲ့ ဒီမှတ်ချက်တွေက မြဝတီမြို့နဲ့ အနီးတဝိုက် ဒေသတွေထဲက ကျားဖြန့်အွန်လိုင်း ငွေလိမ်ရာဇဝတ်ဂိုဏ်းတွေထဲမှာ ဖြားယောင်းခံရသူတွေဖြစ်တဲ့အကြောင်း ပျံ့နှံ့နေတဲ့ သတင်းတွေနဲ့တော့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ဂယက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းလောက်မှာ ဖြစ်ပွားခဲ့တဲ့ ကျားဖြန့်ဂိုဏ်းတခုတည်း လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ တရုတ် သရုပ်ဆောင်မင်းသား ဝန်ဇင်းအမှုအပြီးမှာ ပူးပေါင်းနှိမ်နင်းဖို့ ဖြစ်လာခဲ့တာပါ။

ထိုင်းရဲတပ်ဖွဲ့ ရဲမှူးချုပ် ဗိုလ်မှူးကြီး ထက်ချိုင်းက “အဲဒီမှာ (ကျားဖြန့်အလုပ်တွေ ဆက်လုပ်နေတဲ့) လူ ၅၀,၀၀၀ ဒါမှမဟုတ် ၁၀၀,၀၀၀ အထိ ရှိနေနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ ရဲ့ လှုပ်ရှားမှုတွေကို တွေ့နေရတုန်းပဲမို့ပါ” လို့ ပြောပါတယ်။

ဒါဟာ တရုတ်အာဏာပိုင်တွေက စုဆောင်းရရှိထားတဲ့ အချက်အလက်တွေနဲ့ ထိုင်းရဲ ထောက်လှမ်းရေးတို့ရဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးတော့ ပြောလိုက်တာဖြစ်ပြီး အဆိုပါ နယ်မြေအတွင်း ရာဇ၀တ်မှု ၃၇၀၀ ထက်မနည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ထိုင်းသတင်းဌာနတခုဖြစ်တဲ့ Khaosod English သတင်းမှာတော့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေရဲ့ လိမ်လည်မှု ၂၀ ရာခိုင်နှုန်း ကျဆင်းသွားကာ ဆုံးရှုံးမှု ဘတ်သန်း ၂၀၀ ကျဆင်းသွားတဲ့အကြောင်း ဖော်ပြပါတယ်။

ဒါဟာ ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို တလကြာ နှိမ်နင်းမှု ရလဒ်တွေအပေါ် အစိုးရအိမ်တော်မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး မြဝတီဘက်ခြမ်းက ကျားဖြန့်ငွေလိမ် ဂိုဏ်းတွေထဲ လူပေါင်း ၁၀,၀၀၀ ကျော် ဆက်လက် လှုပ်ရှားနေတယ်လို့ ဖော်ပြထားပြီး အစိုးရက ကတိကဝတ်ပြုထားတဲ့အတိုင်း  ဆက်လက်နှိမ်နင်းမှုတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Source: Bangkokpost/ Khaosod 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013