DVB Logo
Home
မြန်မာသတင်း
အထည်ချုပ်လုပ်ငန်းကရသည့်ငွေဖြင့် တရက်ကို ‌ဒေါ်လာ ၂.၂ သန်း ထုတ်ရောင်းပေးဟု ဗဟိုဘဏ် ပြော
DVB
·
March 18, 2025
အထည်ချုပ်လုပ်ငန်းကရသည့်ငွေဖြင့် တရက်ကို ‌ဒေါ်လာ ၂.၂ သန်း ထုတ်ရောင်းပေးဟု ဗဟိုဘဏ် ပြော
Donate to DVB

CMP အထည်ချုပ် လုပ်ငန်းတွေဆီ ဝင်ရောက်တဲ့ နိုင်ငံခြားငွေတွေကနေ စားသုံးဆီနဲ့ အခြားကုန်စည် တင်သွင်းတဲ့ လုပ်ငန်းရှင်တွေအတွက် နေ့စဉ် တရက်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းခန့်   ရောင်းချပေးနေတယ်လို့  စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

စကစဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း နိုင်ငံခြားငွေတွေ အလုံးအရင်းနဲ့ မကြာခဏ ထုတ်ရောင်းခဲ့သလို အခု ၂၀၂၅ ခုနှစ်မှာလည်း မကြာခဏ ထုတ်ရောင်းပြီး ဒေါ်လာဈေးကို ဆွဲချနေတာပါ။

အခုမတ်လအတွင်းမှာလည်း အမေရိကန် ဒေါ်လာ ၅၇ သန်း ကျော်ရောင်းချထားပြီး နောက်ထပ် ဒေါ်လာ ၃၃သန်း ကို  စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် ထပ်မံထုတ်ရောင်းပေးမယ်လို့လည်း ‌ မတ် ၁၇ ရက်က ကြေညာထားပါတယ်။

လက်ရှိမှာ ဒေါ်လာဈေးဟာလည်း  ဆက်တိုက်ပြန်ကျ‌နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ၄၈၀၀ ဝန်းကျင် ရှိခဲ့တဲ့ တဒေါ်လာ ငွေလဲနှုန်းက အခုအခါမှာ တဒေါ်လာကို ၄၃၃၀ ကျပ် ဝန်းကျင်ထိ ပြန်ကျဆင်းနေ‌ပါတယ်။

ဗဟိုဘဏ်ရဲ့ Online Trading platform က ရောင်းချပေးနေတဲ့ တဒေါ်လာ ငွေလဲနှုန်းကတော့ ၃၅၉၆ ကျပ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013