
သူ့အပေါ် ဝေဖန်မှုတွေက ခြေစွမ်းပိုကောင်းလာဖို့ တွန်းအားဖြစ်စေခဲ့ကြောင်း မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်က ပြောသွားပါတယ်။
ပေါ်တူဂီကွင်းလယ်လူဟာ မတ် ၁၆ ရက် ညက ကစားခဲ့တဲ့ လက်စတာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၁ ဂိုးသွင်း၊ ၂ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ဟတ်ထရစ် ၃ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့လပိုင်းတွေအတွင်း မန်ယူအသင်း ရလဒ်မကောင်းဖြစ်ချိန်မှာ ဖာနန်ဒက်စ်အပေါ် ဝေဖန်မှုတွေ ရှိခဲ့တဲ့အပေါ် ခြေစွမ်းပိုကောင်းဖို့ တွန်းအားဖြစ်စေခဲ့ကြောင်း ဖာနန်ဒက်စ်က ပြောခဲ့တာပါ။
ဝေဖန်မှုတွေက နှစ်သက်စရာတော့ မဟုတ်ပေမဲ့ တချိန်တည်းမှာပဲ ပိုကောင်းလာဖို့ စိတ်ဓာတ်လှုံ့ဆော်နိုင်ကြောင်း၊ ကစားသမားဟောင်း ရွိုင်ကိန်းရဲ့ ဝေဖန်မှုတွေရှိပေမဲ့ သူ့အပေါ် အများကြီး လေးစားမှုထားရှိကြောင်း ဖာနန်ဒက်စ်က ပြောသွားပါတယ်။