
စပါးအသင်းဟာ နယူးကာဆယ်ကစားသမား ဆန်ဒရို တိုနာလီကို ပေါင် သန်း ၈၀ နဲ့ ကမ်းလှမ်းခဲ့တာ ပယ်ချခံရပြီးနောက် ဝက်စ်ဟမ်းရဲ့ ကွင်းလယ်ကစားသမား မာတေးယု ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေပါတယ်။
ဝက်စ်ဟမ်းကတော့ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ကို ပေါင် သန်း ၈၀ အထိ တန်ကြေးဖြတ်ထားတာပါ။
စပါးတို့ဘက်ကတော့ ဒီကစားသမားကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ကောင်းမွန်နေပြီး သဘောတူညီမှု ရရှိမယ်လို့ အကောင်းမြင်နေပါတယ်။
အသက် ၂၁ နှစ်အရွယ် ဖာနန်ဒက်စ်ဟာ စပါးရဲ့ အဓိကပစ်မှတ် ဖြစ်လာတာပါ။ အီတလီလက်ရွေးစင် တိုနာလီမှာတော့ နယူးကာဆယ်နဲ့ စာချုပ် ၄ နှစ် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ဒီနွေရာသီမှာ ကစားသမား ၄ ယောက်အထိ ခေါ်ယူထားပြီး ဂိုးသမား မာတင် ဒူဘရာဗ်ကာကိုလည်း ဘန်လေကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာပါ။










