
ဗီလာအသင်းမှာ ပြသနေတဲ့ စွမ်းဆောင်ရည်ကြောင့် တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကို အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခဲ့တာလို့ နည်းပြတူဟယ်က ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ နည်းပြဟောင်း ဆောက်ဂိတ်လက်ထက်မှာ လူစာရင်းကနေ အကြိမ်ကြိမ်ချန်လှပ်ခံခဲ့ရပေမဲ့ နည်းပြသစ်သောမတ်စ်တူဟယ်ရဲ့ လက်ရွေးစင်ကစားသမား ၂၆ ယောက်စာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရတာပါ။
မားကပ်ရှ်ရက်ရှ်ဖို့ဒ်ဟာ ဗီလာအသင်းကို ကြီးမားတဲ့သက်ရောက်မှုရှိစေခဲ့တယ်လို့ ခံစားမိတာ ကြောင့် ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ ရက်ရှ်ဖို့ဒ်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပါအဝင် လုပ်အားနှုန်း၊ ခံစစ်ကူညီနိုင်မှု၊ တန်ပြန်တိုက်စစ်နဲ့ နေရာယူပုံတွေက အထူးချီးကျူးစရာကောင်းကြောင်း နည်းပြတူဟယ်က ပြောသွားပါတယ်။
ရက်ရှ်ဖို့ဒ်ကတော့ ဘယ်တော့မှ ယုံကြည်မှုကို ရပ်တန့်မှာမဟုတ်ကြောင်းနဲ့ အင်္ဂလန်အတွက် ပွဲထွက်ကစားဖို့ မစောင့်နိုင်တော့ကြောင်း ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။
Photo: Reuters