DVB Logo
Home
မြန်မာသတင်း
ILO အစည်းအဝေးဆုံးဖြတ်ချက်က စစ်ကောင်စီကိုအရေးယူနိုင်ရန် NUG မျှော်လင့်
DVB
·
March 15, 2025
ILO အစည်းအဝေးဆုံးဖြတ်ချက်က စစ်ကောင်စီကိုအရေးယူနိုင်ရန် NUG မျှော်လင့်
Donate to DVB

မတ်လ ၁၀ ရက်ကနေ ၂၁ ရက်ထိ ကျင်းပနေတဲ့  ILO Governing Body-ILO အမှုဆောင် အစည်းအဝေးပွဲမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်နိုင်မယ့် Article 33 နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တခု ချမှတ်ဖို့ ရှိနေပါတယ်။

အဲဒီဆုံးဖြတ်ချက်က စစ်ကောင်စီအပေါ် ထိရောက်တဲ့အရေးယူပိတ်ဆို့မှုတွေကို မျှော်လင့်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက DVB ကိုပြောပါတယ်၊

"မြန်မာနိုင်ငံဒီမိုကရေစီအရေးအတွက် အမြဲတမ်းထောက်ခံမှုရှိနေတဲ့ ILO ရဲ့ အရေးယူမှုက ထိရောက်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီမျှော်လင့်ချက်က အလုပ်သမားအခွင့်အရေး လူ့အခွင့်အရေးသက်သက်မျှ မဟုတ်ပါဘူး၊ ကျနော်တို့နိုင်ငံရေးအရကိုက အရေးကြီးတယ် အရေးယူမှုဖြစ်လာမှာပါ။ စကစကို ထိထိရောက်ရောက်နဲ့ အရေးယူနိုင်မယ့် စကစရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်မယ့် မြန်မာ့နိုင်ငံရေးပေါ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်ဖို့ ထိရောက်မယ့် အရေးယူမှု ဖြစ်လာမယ်လို့ကျနော်တို့ မျှော်လင့်ထားပါတယ်။”

အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူ ဆောင်ရွက်နိုင်မယ့် အတည်ပြုချက်တရပ်ကို နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့တဲ့ ILO အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးပွဲမှာ အတည်ပြုခဲ့တာဖြစ်ပြီးလာမယ့် မတ် ၁၉ ရက်မှာတော့ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်၊။

ရန်ကုန်သပိတ်အင်အားစုတွေကတော့ မြန်မာစစ်တပ်ဟာ ILO COI စုစမ်းစစ်ဆေးရေး အကြံပြုတိုက်တွန်းချက်တွေကို လေးစားလိုက်နာခြင်းမရှိတဲ့အပြင် ပိုမိုဆိုးဝါးစွာ ချိုးဖောက်နေပြီး ဒါကို ချက်ချင်းရပ်တန့်နိုင်ရေးအတွက် ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူဆောင်ရွက်ပေးဖို့ EU အဖွဲ့ဝင်နိုင်ငံတွေနဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေကို အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားပါတယ်၊

လက်ရှိမှာ ပြည်ပနိုင်ငံတွေကို ထုတ်ကုန်ပစ္စည်းတွေ တင်ပို့မှုက ရှိနေသေးတာဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ILO ရဲ့ အခန်းကဏ္ဍကို လျှစ်လျူရှုလို့ မရကြောင်း စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးချစ်ဆွေက ဖေဖော်ဝါရီမှာ ပြုလုပ်ခဲ့တဲ့ ၄ ပွင့်ဆိုင်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်၊

ILO အနေနဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေက ရန်ကုန်ရဲ့ လူစည်ကားရာ နေရာတွေမှာ ILO A33 MYANMAR 2025 စာသားပါ တီရှပ်အနီရောင်ဝတ်ဆင် ကမ်ပိန်းပြုလုပ်ခဲ့ပြီး ပါဝင်လုပ်ဆောင်ခဲ့တယ်လို့ ယူဆတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ အလုပ်သမားတွေကို မြို့နယ်အလုပ် သမားရုံးက ခေါ်ယူစစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013