DVB Logo
Home
မြန်မာသတင်း
KIA နှင့် TNLA တို့အကြားပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် NUG ပန်ကြား
DVB
·
March 14, 2025
KIA နှင့် TNLA တို့အကြားပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် NUG ပန်ကြား
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့အကြားက ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ရာမှာ လိုအပ်သလို ကူညီဖို့အသင့်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၁၄ ရက် မှာ သဘောထားထုတ်ပြန်ပါတယ်။

KIO နဲ့ TNLA တို့ဟာ ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ညီညွတ်ရေးမဟာမိတ်စာချုပ်ကို ချုပ်ဆိုထားခဲ့ကြပြီး အဖွဲ့အစည်းနှစ်ဖွဲ့ကြား ဖြစ်ပေါ်လာတတ်တဲ့ ဘယ်လိုပဋိပက္ခမျိုးကို မဆို မိတ်ဖက်ပဋိပက္ခ ဖြေရှင်းနည်းနဲ့သာ ဖြေရှင်းသွားမယ်ဆိုတဲ့ အချက်လည်း စာချုပ်မှာပါဝင်ပါတယ်။

ကချင်အမျိုးသားတွေနဲ့ ပ‌လောင်အမျိုးသားတွေဟာ နိုင်ငံ‌ရေးခံယူချက်တူညီကြပြီး နယ်မြေချင်းကပ်လျက် အတူတကွ နေထိုင် လုပ်ကိုင်ခဲ့ကြပြီး တဖွဲ့ရဲ့အကျိုးကို တဖွဲ့က အားပေးထောက်ခံ၊ ကူညီရိုင်းပင်းသွားမယ်လို့လည်း စာချုပ်မှာဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးကို ဘုံရည်မှန်းချက်အဖြစ်မှတ်ယူကာ တော်လှန်ရေးအင်အားစုတွေရဲ့ ဟန်ချက်ညီ ကြိုးပမ်းမှုတွေကြောင့် စစ်ကောင်စီ ကင်းစင်နယ်မြေတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ မြေပြင်အငြင်းပွားမှုတွေကြောင့် ‌ဒေသခံတွေအကြား စိုးရိမ်မှုတွေရှိနေပြီး နှစ်ဖက်အဖွဲ့အစည်း ခေါင်းဆောင်တွေက မိတ်ဖက်ပဋိပက္ခတွေအဖြစ်သာ ရှုမြင်ပြီး နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်အထူးကြိုဆိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လတ်တလော ဖြစ်ပွားနေတဲ့အောက်ခြေ ပွတ်တိုက်မှုတွေဟာ လူမျိုးရေးအမုန်းတရားဆီ အပြန့်ကျယ်မသွားစေဖို့ နှစ်ဖက်အဖွဲ့ အစည်းခေါင်းဆောင်တွေအနေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းပြီး ပြဿနာအများစုကို အခက်အခဲမရှိ ဖြေရှင်းပြေလည်စေလိမ့်မယ်လို့လည်း ယုံကြည်တယ်လို့ NUG ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံ၊ မိုးမိတ်၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ KIA နဲ့ TNLA အောက်ခြေတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ တောက်လျှောက်ဖြစ်နေခဲ့တာဖြစ်ပြီး ရန်ပွဲတွေအတွင်း ထိခိုက်တာတွေအထိ ဖြစ်လာနေတာပါ။

မန်တုံနဲ့ မိုးမိတ်ကြားမှာရှိတဲ့ KIA စခန်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် KIA တပ်ဖွဲ့ဝင် ၁၁ ယောက်အထိ ထိခိုက်ဒဏ်ရာရတာတွေရှိပြီး ဆေးရုံတက်ရောက် ကုသရတာအထိ ဖြစ်ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ ပြေလည်ဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေ အပါအဝင် ရှမ်းမြောက်လူထုနဲ့ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့  KIO သတင်းပြန်ကြားရေးဘက်က ပြောထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013