DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရေနံဈေးမြင့်တက်မှုနဲ့အတူ ပြည်တွင်းဓာတ်ဆီဈေးဆက်တက်၊ ဒီဇယ်ဈေး အနည်းငယ်ပြန်ကျ
DVB
·
September 12, 2026
Photo : DVB
Photo : DVB
Donate to DVB

အရှေ့အလယ်ပိုင်းက စစ်ရေးတင်းမာမှုတွေကြောင့် ကမ္ဘာ့ရေနံဈေး ရုတ်တရက် မြင့်တက် လာတာ နဲ့အတူ ပြည်တွင်းဓာတ်ဆီဈေးတွေလည်း လိုက်ပြီး မြင့်တက်နေပါတယ်။

အမေရိကန်နဲ့ အီရန်တို့ရဲ့ စစ်ရေးပဋိပက္ခ ပိုပြင်းထန်လာလို့ နိုင်ငံတကာ ဘရန့်ရေနံစိမ်းဈေးဟာ တလအတွင်းမှာပဲ ၁၇ ရာခိုင်နှုန်းကျော် သိသိသာသာ တက်လာခဲ့ပါတယ်။ အခုဆိုရင် ရေနံတစည်ကို အမေရိကန်ဒေါ်လာ ၁၀၄ ဒေါ်လာအထက်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။

ဒီလို ကမ္ဘာ့ဈေးကွက် မတည်ငြိမ်မှုတွေကြောင့် ပြည်တွင်းဈေးကွက်မှာလည်း ဓာတ်ဆီဈေးတွေ ဆက်တိုက် တက်နေတာပါ။ 

ရန်ကုန်ဈေးနှုန်းကို ကြည့်မယ်ဆိုရင် ဩဂုတ် ၂၁ ရက်က တလီတာကို ၃,၅၇၅ ကျပ်ပဲ ရှိခဲ့တဲ့ အောက်တိန်း ၉၂ ဟာ စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ ၃,၈၂၅ ကျပ်အထိ တက်လာပါတယ်။ အောက်တိန်း ၉၅ ဆိုရင်လည်း ၃,၇၇၀ ကျပ်ကနေ ၃,၉၅၀ ကျပ်အထိ တက်လာခဲ့ပါတယ်။

ဒါပေမဲ့ ဩဂုတ်လ တတိယပတ်ကစပြီး ဆက်တိုက်တက်ခဲ့တဲ့ ဒီဇယ်ဈေးတွေကတော့ ဒီတပတ်မှာ ပြန်ကျလာတာကို တွေ့ရပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့မှာ ရိုးရိုးဒီဇယ်က တလီတာကို ၄,၁၅၀ ကျပ်၊ ပရီမီယမ်ဒီဇယ်က ၅,၀၅၀ ကျပ် ရှိလို့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်လီတာကို ၉၀ ကျပ်စီ ပြန်ကျလာတာပါ။

ဒီတပတ်ထဲ ဒီဇယ်ဈေး နည်းနည်းပြန်ကျခဲ့ပေမဲ့၊ ဩဂုတ်လလယ်ပိုင်းက ဈေးနှုန်းတွေနဲ့ ယှဉ်ကြည့်ရင်တော့ စက်သုံးဆီဈေးတွေအားလုံး သိသိသာသာကို မြင့်တက်နေဆဲ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခတွေက ရေရှည်ဆက်သွားနိုင်တဲ့ အနေအထားရှိနေလို့ လာမဲ့ သီတင်းပတ်တွေမှာလည်း ကမ္ဘာ့ရေနံဈေးနဲ့အတူ ပြည်တွင်းစက်သုံးဆီဈေးကွက်မှာ အတက်အကျ အပြောင်းအလဲတွေ ဆက်ရှိနေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013