DVB Logo
Home
မြန်မာသတင်း
ဓာတ်ဆီဈေး ထပ်မံ မြင့်တက်လာ
DVB
·
November 22, 2023
ဓာတ်ဆီဈေး ထပ်မံ မြင့်တက်လာ
Donate to DVB

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့ ဒေသအသီးသီးမှာ တစ်ရက်အတွင်း ဓာတ်ဆီတစ်လီတာ ဈေးနှုန်း ကျပ် ၁၀၀ကျော်လောက် မြင့်တက်လာပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ နိုဝင်ဘာလ ၂၂ ရက်ဒီနေ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအတွင်း စက်သုံးဆီ ရည်ညွှန်းလက်လီစျေးနှုန်းမှာ ၉၂ အမျိုးအစား ဓာတ်ဆီ တစ်လီတာက  ကျပ် ၂၂၁၀ ကျပ်၊ ၉၅ အမျိုးအစား ဓာတ်ဆီ တစ်လီတာ ၂၃၅၀ ကျပ်ရှိနေပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ မနေ့ကတော့ ၉၂ အမျိုးအစားဓာတ်ဆီ တစ်လီတာ ကျပ် ၂၁၀၅ ကျပ်၊ ၉၅ အမျိုးအစား ဓာတ်ဆီ တစ်လီတာ ၂၂၄၀ ကျပ်ရှိခဲ့တာပါ။

ဒီဇယ်ဈေးတွေကတော့ ဒီဇယ် တစ်လီတာကို ၂၁၂၅ ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာကို ၂၂၁၅ ကျပ်နဲ့ ရန်ကုန်ဈေးကွက်မှာ အရင်အတိုင်း အတက်အကျမရှိ ဈေးငြိမ်နေပါတယ်။

စက်သုံးဆီ  လက်လီ ရောင်းချသူတစ်ဦးက  “92 ၊ 95က တစ်ရက်တည်းနဲ့ တစ်လီတာကို ၁၀၀ ကျော် ခုန်တက်သွားတာ။ စင်ကာပူဈေးနဲ့ ပြည်တွင်း ဒေါ်လာဈေးတက်တာကြောင့် ပါမှာပေါ့။ ဒီဇယ်ဈေးကတော့ မပြောင်းဘူး” လို့ ပြောပါတယ်။

တခြားပြည်နယ်နဲ့ တိုင်းဒေသတွေရဲ့ ဓာတ်ဆီ တစ်လီတာ ဈေး‌နှုန်းတွေကလည်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ အသီးသီး မြင့်တက်လာတာ တွေ့ရပါတယ်။

စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက စင်ကာပူနိုင်ငံရဲ့ နေ့စဉ် MOPS ဈေးနှုန်းအပေါ် အခြေခံပြီး စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သတ်မှတ် ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းက ပြီးခဲ့တဲ့ နိုဝင်ဘာ  ၁၇ ရက်မှာ 92 Ron တစည်ကို ၈၆ ဒသမ ၁၈ ဒေါ်လာ၊ 95 Ron က ၉၂ ဒသမ ၆၇ ဒေါ်လာ၊ 10 PPM တစည်ကို ၁၁၀ ဒသမ ၀၅ ဒေါ်လာ အသီးသီးရှိခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာတော့ 92 Ron က တစည်ကို ၉၁ ဒသမ ၃၀ ဒေါ်လာ၊ 95 Ron က ၉၇ ဒသမ ၃ ဒေါ်လာ၊ 10 PPM က ၁၀၅ ဒသမ ၇၅ ဒေါ်လာကို အသီးသီး မြင့်တက် လာတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်ကတော့ စက်သုံးဆီ အရောင်းဆိုင်အများစုမှာ 92 နဲ့ 95 အမျိုးအစား ဓာတ်ဆီတွေ ပစ္စည်းပြတ်ပြီး လိုသလောက် ဝယ်မရတဲ့ အခြေအနေ‌ ဖြစ်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013