DVB Logo
Home
မြန်မာသတင်း
ဒေါက်တာစင်သီယာမောင်ကို ထိုင်းတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်
DVB
·
March 13, 2025
ဒေါက်တာစင်သီယာမောင်ကို ထိုင်းတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင်ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နှစ်ပေါင်းများစွာ ကျန်းမာရေးကုသစောင့်ရှောက်ပေးနေတဲ့ မယ်တော်ဆေးခန်းထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံ ဗိစနုလုတ်မြို့ရှိ နရာဇ်ဆွန်တက္ကသိုလ်က Honorary Doctorate in ASEAN Studies  ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

မတ်လ ၁၁ ရက်က ကျင်းပသွားတဲ့ နရာဇ်ဆွန်တက္ကသိုလ်ရဲ့ ၂၀၂၅ ခုနှစ် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ လက်ရှိ ထိုင်းဘုရင်ရဲ့ အစ်မတော်မင်းသမီးကြီး မဟာချက္ကရီ သီရိဒုံက ဂုဏ်ပြု လက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ အာဆီယံဒေသတွင်း လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အပြင် လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေတာကြောင့် အဆိုပါဂုဏ်ထူးဆောင်ဘွဲ့ကို ပေးအပ်တာလို့ အဆိုပါတက္ကသိုလ်က ထုတ်ပြန်ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ Honorary Doctorate in ASEAN Studies ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နဲ့ ထိုက်တန်ကြောင်း န‌ရာဇ်ဆွန်တက္ကသိုလ် လူမှုရေးသိပ္ပံဌာနက ‌အဆိုတင်သွင်းကာ တက္ကသိုလ်ကောင်စီမှ ရွေးချယ်ပေးအပ်ခဲ့တာလို့  ကရင်အမျိုးသားအစည်းအရုံး (KNU)ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

အသက် ၆၆ နှစ်ရွယ်ရှိ ‌ဒေါက်တာစင်သီယာမောင်ဟာ အာရှနိုဘယ်ဆုလို့ တင်စားခေါ်တဲ့ ရေမွန်မက်ဂ် ဆေးဆေးဆု၊ အာရှသူရဲကောင်းများဆု၊ ဆစ်ဒနီငြိမ်းချမ်းရေးဆု အပါအဝင် ကမ္ဘာ့ကုလသမဂ္ဂနဲ့ အမေရိကန်၊ ဩစတေးလျ၊ ထိုင်း၊ ထိုင်ဝမ်၊ ဆွီဒင်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နယ်သာလန်၊ ကနေဒါ စတဲ့နိုင်ငံတွေက ချီးမြှင့်တဲ့ လူမှုထူးချွန်ဆုပေါင်း ၁၈ ခုကို ရရှိခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ မြန်မာပြည်ဖွား ကရင်တိုင်းရင်းသူ ဆရာဝန်တယောက်ဖြစ်ပြီး  ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအရေးအခင်းမှာ နယ်စပ်ဒေသကို ရောက်ရှိလာခဲ့ပြီး ၁၉၈၉ ခုနှစ်ကစ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ် မယ်တော်ရွာမှာ ဆေးခန်းဖွင့်လှစ်ကာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ၊  မိဘမဲ့ ကလေးတွေ၊ ရွှေ့ပြောင်းလုပ်သားတွေကို ယနေ့ထက်တိုင် ကျန်းမာရေးကုသစောင့်ရှောက်ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013