DVB Logo
Home
မြန်မာသတင်း
ပြန်ပေးဆွဲခံရသည့်ရထားကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ စီးနင်း၊ အကြမ်းဖက်သမား ၃၃ ဦး သေဆုံး
DVB
·
March 13, 2025
ပြန်ပေးဆွဲခံရသည့်ရထားကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ စီးနင်း၊ အကြမ်းဖက်သမား ၃၃ ဦး သေဆုံး
Donate to DVB

ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေဟာ ဘာလို့ချ် ခွဲထွက်ရေးစစ်သွေးကြွတွေရဲ့ ပြန်ပေးဆွဲခံရတဲ့ ဂျက်ဖာ အမြန်ရထားကို မတ် ၁၂ ရက်က ဝင်ရောက်စီးနင်းရာမှာ အကြမ်းဖက်တိုက်ခိုက်သူ ၃၃ ယောက်စလုံး သေဆုံးပြီး ရာနဲ့ချီတဲ့ ဓားစာခံတွေ တရက်ကျော်ကြာ ပိတ်မိနေမှုကို အဆုံးသတ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောပါတယ်။

ပြန်ပေးဆွဲခံရတဲ့ ရထားကနေ ကယ်ဆယ်နိုင်ခဲ့တဲ့ ခရီးသည်တွေဟာ ကူအက်တာ မီးရထားဘူတာရုံကို ရောက်ရှိလာပြီး ဒဏ်ရာရသူတွေကို ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးခဲ့ပါတယ်‌။

အခုအချိန်အထိ ဓားစာခံပေါင်း ၁၉၀ ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

အင်္ဂါနေ့က လူပေါင်း ၄၄၀ တင်ဆောင်လာတဲ့ ဂျက်ဖာ အမြန်ရထားဟာ ဘာလိုချီစတန် ပြည်နယ်မြို့တော် ကူအက်တာကနေ ခိုက်ဘာပက်ရှ်တွန်ခွာ ပြည်နယ်မှ ပက်ရှာဝါကို သွားနေတုန်းမှာ ခွဲထွက်ရေးဝါဒီ ဘာလို့ချ် စစ်သွေးကြွတွေက ရထားလမ်းကို ဖောက်ခွဲခဲ့ပြီး ရထားကိုလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်အတွင်း ဓားစာခံ ၂၁ ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။

ဘာလိုချီစတန် ဝန်ကြီးချုပ် ဆာဖရက်စ် ဘွတ်တီက လုံခြုံရေးတပ်ဖွဲ့တွေ အထူးသဖြင့် ပစ်ခတ်ခံနေရတဲ့ကြားကပဲ ဓားစာခံ ၆၈ ယောက်ကို ကယ်တင်ခဲ့တဲ့ SSG စစ်သားတွေရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးခဲ့ပါတယ်။

စစ်သားတယောက် ဒဏ်ရာရခဲ့ပြီး ဘွတ်တီက သူတို့ အမြန်ပြန်လည်ကောင်းမွန်လာစေဖို့ ဆန္ဒပြုခဲ့ပါတယ်။

စစ်ဆင်ရေးကြောင့် အကြမ်းဖက်သမား ၅၀ လောက်ကို ချေမှုန်းနိုင်ခဲ့ပေမဲ့လည်း အရပ်သား အသေအပျောက်ကို မသိရသေးဘဲ များပြားတယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ လူမျိုးစု၊ အစ္စလာမ်ဘာသာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တန်ဖိုးတွေနဲ့အညီ အကြမ်းဖက်မှုကို တုံ့ပြန်ပိုင်ခွင့်ရှိတယ်လို့လည်း ဘွတ်တီက အလေးပေး ပြောဆိုပါတယ်။

ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော် (BLA) ရဲ့ မီဒီယာဌာနကနေ BLA တိုက်ခိုက်ရေးသမားတွေက မတ် ၁၁ ရက်မှာ ပါကစ္စတန် အနောက်တောင်ပိုင်းရှိ ရထားတစီးကို တိုက်ခိုက်ခဲ့ပြီးတော့ ခရီးသည်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အခိုက်အတန့်ကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပါတယ်။

မတ် ၁၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့ တရားဝင်သတင်းတွေမှာ အတည်ပြုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ စစ်သွေးကြွတွေက ဓားစာခံ အယောက် ၅၀ ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013