
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်မှာ ဇူလိုင် ၆ ရက်ကစပြီး ဖြစ်နေတဲ့ ပြဿနာအတွင်း စစ်သွေးကြွတိုက်ခိုက်မှုသုံးခုကြောင့် ရဲနဲ့ စစ်တပ်က တပ်ဖွဲ့ဝင် ၄၂ ယောက် သေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။
ဒီဖြစ်ရပ်တွေအတွင်း စစ်သွေးကြွ ၅၄ ယောက် သေဆုံးခဲ့တယ်လို့ စစ်တပ်က ထပ်ပြောပါတယ်။
ပါကစ္စတန် အနောက်တောင်ပိုင်း ဘာလိုချီစတန် ပြည်နယ်မှာ ညလုံးပေါက် ပဋိပက္ခတခုအတွင်း ရဲတပ်ဖွဲ့ဝင် ၉ ယောက်နဲ့ စစ်သွေးကြွ ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဇူလိုင် ၇ ရက်မှာ ပြောပါတယ်။
ပါကစ္စတန် တာလီဘန် ဒါမှမဟုတ် တာရိခ်-အီ-တာလီဘန် ပါကစ္စတန်လို့ လူသိများတဲ့အဖွဲ့က ဇီယာရတ်ခရိုင်မှာ တိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်လို့ ပါကစ္စတန် ဒုတိယရဲမင်းကြီး အဗ္ဗဒူလ် ကူဒူးစ် အာချက်ဇိုင်းက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
Source:Reuters










