DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကမ်းပြိုကျပြီး  နေအိမ် အလုံး ၅၀ ထက်မနည်း ဖျက်သိမ်းရွှေ့ပြောင်း
DVB
·
March 13, 2025
ဧရာဝတီတိုင်းတွင် ကမ်းပြိုကျပြီး  နေအိမ် အလုံး ၅၀ ထက်မနည်း ဖျက်သိမ်းရွှေ့ပြောင်း
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှု ဖြစ်ပွားပြီး လူနေအိမ် အလုံး ၅၀ ထက်မနည်း ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေနဲ့ သဘာဝဘေး ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်အထိ ဧရာဝတီတိုင်းမှာ တလအတွင်း တိုးမြစ်၊ ဧရာဝတီ၊ ငဝန်၊ ငါးသိုင်းချောင်းမြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျပြီး လူနေအိမ် ၅၀ ထက်မနည်း ကမ်းပြိုဘေးလွတ်တဲ့ နေရာတွေကို ပြောင်းရွှေ့ပေးခဲ့ရတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်း သဘာဝဘေးကာကွယ်ရေး ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတယောက်က “တလအတွင်း ကမ်းပါးပြိုကျတဲ့ဒဏ်ကြောင့် အရေးပေါ် ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတာ။ ပြီးခဲ့တဲ့ တလအတွင်း ညောင်တုန်းဘက်မှာ နေအိမ် ၃၀ ကျော်လောက်နဲ့ အများဆုံး အရေးပေါ် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၉ လအတွင်း ဧရာဝတီတိုင်းမှာ ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ ညောင်တုန်း၊ မြန်အောင်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ လပွတ္တာ၊ ဘိုကလေး၊ ငပုတော၊ ကြံခင်း စတဲ့မြို့နယ်တွေက လူနေအိမ် အလုံး ၅၀ ထက်မနည်းကို ကမ်းပြိုဘေးလွတ်တဲ့နေရာတွေကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတာလို့ သိရပါတယ်။

ညောင်တုန်းမြို့နယ်က သဘာဝဘေးဒဏ်သင့် ဒေသခံတယောက်က “အိမ်ဆောက်နေဖို့ မြေနေရာပါ ကမ်းပြိုကျတဲ့အထဲ ပါသွားတာ။ အခု သူများမြေနေရာမှာ တောင်းနေရတယ်။ စကစဘက်က ကူညီပေးတာ အရမ်းအားနည်းပါတယ်။ ကိုယ့်အားကိုယ်ကိုး လုပ်တော့လည်း အိမ်ဆောက်ဖို့တော့ ရတာပေါ့။ မြေနေရာအတွက် ခက်ခဲတယ်လေ” လို့ ပြောပါတယ်။

အဲဒီလို ကမ်းပြိုကျမှုကြောင့် အရေးပေါ် နေအိမ် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ခြေ ၅၀ ထက်မနည်းက လူဦးရေ ၇၀ ကျော်အထိ သဘာဝဘေးဒဏ် ခံစားခဲ့ရပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီက အကူအညီပေးတာတွေ အရမ်းအားနည်းတယ်လို့ ဆိုပါတယ်။

မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုတွေ ဖြစ်ပွားလာလို့ လူနေအိမ်တွေဖျက်ပြီး မဖြစ်မနေ ပြောင်းရွှေ့ခဲ့ရပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013