DVB Logo
Home
မြန်မာသတင်း
ပတ္တယားအပန်းဖြေအိမ်ရာ ဆောက်လုပ်ရေးမှ တရုတ်အလုပ်ရှင်နှင့် မြန်မာလုပ်သားများ ဖမ်းဆီးခံရ 
DVB
·
March 13, 2025
ပတ္တယားအပန်းဖြေအိမ်ရာ ဆောက်လုပ်ရေးမှ တရုတ်အလုပ်ရှင်နှင့် မြန်မာလုပ်သားများ ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ပတ္တယားကမ်းခြေရှိ အပန်းဖြေအိမ်ရာဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တရုတ်လုပ်ငန်းရှင်နဲ့ တရားမဝင်မြန်မာလုပ်သားတွေ ဖမ်းဆီးခံရတယ်လို့ Khaosod ထိုင်းသတင်းအရ သိရပါတယ်။

ပတ္တယားပင်လယ်ကမ်းခြေမြို့ မြို့လယ်ကောင်က အပန်းဖြေအိမ်ရာ Pool Villa ထဲမှာ နိုင်ငံခြားသားနဲ့ ရွှေ့ပြောင်းလုပ်သားအယောက် ၄၀ ကျော် ဝင်ရောက် လုပ်ကိုင်နေကြောင်း သတင်းရထားတဲ့အတွက်  မတ်လ  ၁၂ ရက်က သွားရောက်စစ်ဆေးခဲ့တယ်လို့  ချွန်းပူးရီးခရိုင် ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ပီယဖုန်းရတ်ဆာက သတင်းထောက်တွေကို ပြောပါတယ်။

တာဝန်ရှိသူတွေဟာ အဲဒီနေ့က နေရာပေါင်း ၄ ခုက ဆောက်လက်စအပန်းဖြေအိမ်အလုံး ၂၀ ကို သွား‌ရောက်စစ်ဆေးခဲ့တယ်၊ အိမ်ရာစီမံကိန်းပိုင်ရှင်ဟာ တရုတ်နိုင်ငံသားဖြစ်ပြီး အိမ်ဆောက်ပစ္စည်းတွေကိုလည်း  တရုတ်ကနေ မှာယူကာ သင်္ဘောနဲ့ သယ်လာတယ်။ ဒါ့အပြင် ဗိသုကာ အင်ဂျင်နီယာတွေဟာလည်း တရုတ်နိုင်ငံသားတွေ ဖြစ်တယ်၊ အောက်ခြေ ပန်းရန်အလုပ်သမားတွေကိုတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ငှားရမ်းထားတယ်လို့ ဆိုပါတယ်။

အဆိုပါ အိမ်ရာကနေ တရုတ်နိုင်ငံသား ၉ ယောက်နဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၆ ယောက် ဖမ်းဆီးရမိတယ်၊ တရုတ်နိုင်ငံသားတွေဟာ အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်လာပြီး အဲဒီမှာ ဗိသုကာ၊ ဒီဇိုင်နာနဲ့ အလုပ်ကြီးကြပ်သူတွေ လာလုပ်နေတာ ဥပဒေနဲ့ မညီညွတ်ဘူး၊ ဒါ့အပြင် မြန်မာ အလုပ်သမားတွေဟာလည်း   နေထိုင်ခွင့်အထောက်အထားမရှိ၊ အလုပ်သမားကတ် မရှိကြဘူးလို့  ဆိုပါတယ်။

ဒါကြောင့် အဆိုပါ အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီက အလုပ်ရှင်သူဌေးကိုရော  တရုတ်နိုင်ငံသားနဲ့ မြန်မာအလုပ်သမားတွေကိုပါ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့  ဒုရဲမှူးကြီးက ပြောပါတယ်။

လတ်တလော ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားနဲ့ ‌ရွှေ့ပြောင်းအလုပ်သမားတွေကြား တရားမဝင် အလုပ်ဝင်ရောက်လုပ်ကိုင်နေတာ ၊ ခွင့်မပြုတဲ့လုပ်ငန်းတွေ ဝင်လုပ်နေတာ ၊  အုပ်စုဖွဲ့ဒုစရိုက်မှု ကျူးလွန်တာတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု ကျူးလွန်တာတွေကို စီမံကိန်းနဲ့ စစ်ဆေးဖမ်းဆီးနေပါတယ်။ 

Source:  Khaosod News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013