DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း လူငယ်များကို စစ်မှုထမ်းရန် တနှစ် ဒေါ်လာ ၂၄,၀၀၀ နှင့် အပိုဆုကြေးပြီး လူသစ် စုဆောင်း   
DVB
·
March 13, 2025
ယူကရိန်း လူငယ်များကို စစ်မှုထမ်းရန် တနှစ် ဒေါ်လာ ၂၄,၀၀၀ နှင့် အပိုဆုကြေးပြီး လူသစ် စုဆောင်း   
Donate to DVB

ယူကရိန်းနိုင်ငံက အမှတ် ၁၀ အဒ်ဒယ်ဝိုက်စ် သီးခြားတောင်ပေါ် ချေမှုန်းရေးတပ်မဟာက ဖြန့်ချိတဲ့  မတ် ၈ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနား ဗီဒီယိုထဲမှာ အသစ်စုဆောင်းထားတဲ့  လူငယ်တွေကို မြင်တွေ့ခဲ့ရပါတယ်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီမှာ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အတွင်း လူငယ်တွေ စစ်မှုထမ်းဖို့ တနှစ်ကို ဒေါ်လာ ၂၄,၀၀၀ လောက်နဲ့ အပိုဆုကြေး အများကြီး ပေးရင်း လူငယ်တွေကို လူသစ်စုဆောင်းခဲ့ပါတယ်။

စစ်တပ်ထဲမှာ စစ်သားတွေ ပိုများလာစေရေး ဖိအားတွေအောက်မှာ ယူကရိန်းလွှတ်တော်က မနှစ်က အသက် ၂၇ နှစ်ကနေ ၂၅ နှစ်အထိ အသက် ကန့်သတ်ချက် လျှော့ချစည်းရုံးခြင်းဆိုင်ရာ ဥပဒေသစ်ကို အတည်ပြုခဲ့ပြီး စစ်မှုထမ်း တာဝန်ကို ရှောင်ကြဉ်သူ ဘယ်သူမဆို ပြစ်ဒဏ်တွေ ကျခံဖို့ ချမှတ်ပေးခဲ့ပါတယ်။

ဒေါ်လာ ၂၄၀၀၀ လစာပေးဖို့ ကတိ၊ များပြားတဲ့ ဆုကြေးငွေတွေအပြင် ချေးငွေနဲ့ ငှားရမ်းခတွေအတွက် ထောက်ပံ့ကြေးတွေကိုလည်း ကမ်းလှမ်းထားပါသေးတယ်။

စာချုပ်နဲ့ နောက်ဆုံးပိုင်းမှာတော့ တပ်သားသစ်အဖြစ် နောက်ထပ် စုဆောင်းခြင်းကနေ ၁၂ လ ကင်းလွတ်ခွင့်ကိုလည်း ပေးထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013