DVB Logo
Home
နိုင်ငံတကာ
တရုတ်၊  ရုရှားနှင့် အီရန် နျူးကလီးယား ဆွေးနွေးပွဲ ကျင်းပမည်
DVB
·
March 13, 2025
တရုတ်၊  ရုရှားနှင့် အီရန် နျူးကလီးယား ဆွေးနွေးပွဲ ကျင်းပမည်
Donate to DVB

တရုတ်နိုင်ငံဟာ အီရန် နျူးကလီးယားပြဿနာနဲ့ ပတ်သက်ပြီး ရုရှား၊ အီရန်တို့နဲ့ မတ် ၁၄ ရက်ကျရင် ပေကျင်းမြို့တော်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားနဲ့ အီရန် နှစ်နိုင်ငံစလုံးက လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေကို စေလွှတ်မယ်လို့လည်း ဆိုပါတယ်။

အစည်းအဝေးကို တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာကျောက်ရှုက သဘာပတိအဖြစ် ဆောင်ရွက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မတ် ၁၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီအစည်းအဝေးမှာ ၃ နိုင်ငံ ကိုယ်စားလှယ်တွေဟာ အီရန် နျူးကလီးယားအရေးနဲ့ ဘုံစိုးရိမ်မှုဆိုင်ရာ ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်ကြမယ်လို့ မော်နင်က ဆက်ပြောပါတယ်။

ဇန်န၀ါရီလမှာ ချုပ်ဆိုခဲ့တဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်နဲ့ အတူ အီရန်နဲ့ ရုရှားကြား ဆက်ဆံရေးဟာ ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲ စတင်ကတည်းက နက်ရှိုင်းလာခဲ့တာပါ။

နှစ်နိုင်ငံစလုံးမှာ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားပါတယ်။ အီရန်ရဲ့ လက်နက်အဆင့်နဲ့ နီးစပ်တဲ့ ယူရေနီယံ သိုလှောင် တိုးချဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေး အပြီးမှာ တရုတ်၊ အီရန်၊ ရုရှားတို့ရဲ့ အစည်းအဝေးကို ကျင်းပမှာလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013