DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် မဲဆောက်ဘက် သွားရန် ၇ ရက် အလည်တုံးထုသည့် CDM ၁၈ ဦး ဖမ်းဆီးခံရ
DVB
·
March 12, 2025
မြဝတီတွင် မဲဆောက်ဘက် သွားရန် ၇ ရက် အလည်တုံးထုသည့် CDM ၁၈ ဦး ဖမ်းဆီးခံရ
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ကနေ မြန်မာဘက်ခြမ်း မြဝတီမြို့ကို ယာယီ တံတားကူးလက်မှတ်လုပ်ပြီး ၇ ရက် အလည်နဲ့ နေထိုင်ကာ တုံးထုနေတဲ့သူတွေထဲက CDM ၁၈ ယောက်ကို မတ် ၁၁ ရက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဆီက သိရပါတယ်။

မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ အလည်အပတ် ၇ ရက် နေထိုင်ခွင့် လက်မှတ်အထောက်အထားလုပ်ပြီး ၇ ရက်တခါ မြဝတီဘက်ခြမ်းမှာ တုံးသွားထုရင်း စမတ်ကတ် စစ်ဆေးခံရတဲ့အပြင် CDM လုပ်ခဲ့တဲ့ အချက်အလက်တွေ ပေါ်ပေါက်တာကြောင့် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတယောက်က “စမတ်ကတ်ကို စက်ထဲ ထိုးစစ်ခံရပြီး အဖမ်းခံလိုက်ရတာ။ သူတို့ စက်ထဲ ထိုးထည့်လိုက်တာနဲ့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေါ်တာလေ။ ဘေးမှာ ခဏရပ်ခိုင်းထားတယ်။ ပြီးတော့ ရဲတွေက CDM လုပ်ထားတာ ဆိုပြီး ဖုန်းတောင်းတယ်။ ကံကောင်းချင်တော့ ဖုန်းက ကိုယ့်လက်ထဲ မရှိဘူး၊ ဖုန်းမကိုင်တတ်ဘူး ပြောလိုက်တော့ ကျောင်းဆရာမ လုပ်ခဲ့ပြီး ဖုန်းမကိုင်တတ်စရာ အကြောင်းမရှိဘူး ပြောတယ်” လို့ ပြောပါတယ်။

အသက်ကလည်း ၅၀ ကျော်ရှိပြီး ရုပ်က အဘွားကြီးရုပ် ဖြစ်နေတော့ ရဲတွေကို တောင်းပန်လို့ နောက်ဆုံး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

မျက်မြင်တွေ့ရှိသူတယောက်က “နေ့တိုင်းလိုလို ဖမ်းဆီးခံရတာတွေ ရှိတယ်။ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို အလည်အပတ်သွားမယ်ဆိုရင် မြဝတီမြို့မှာ စမတ်ကတ်လုပ်ရတာ၊ အဲဒီစမတ်ကတ်နဲ့ တံတားကူးလက်မှတ်လုပ်ပြီးမှ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို သွားရတာ၊ စမတ်ကတ် စလုပ်ကတည်းက ကတ်မှာ မှတ်ပုံတင်နံပါတ်က ပါပြီးသား၊ စမတ်ကတ်ကို သူတို့ စက်ထဲ ထိုးစစ်လိုက်တာနဲ့ အကုန်ပေါ် တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက်က မြဝတီမြို့ဘက်ခြမ်းကနေ ဝှီးတက်အတုပြုလုပ်ပြီး မဲဆောက်မြို့မှာ တံတားကူးလက်မှတ်လုပ်ကာ ဆီလာဝယ်ယူနေတဲ့ ယာဉ်တွေကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ မြဝတီ-မဲဆောက် နေ့စဉ် သွားလာနေတဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013