DVB Logo
Home
မြန်မာသတင်း
မတ်ပဲ အခွန်လွတ်တင်သွင်းခွင့်ကို အိန္ဒိယက သက်တမ်း ၁ နှစ် ထပ်တိုး
DVB
·
March 12, 2025
မတ်ပဲ အခွန်လွတ်တင်သွင်းခွင့်ကို အိန္ဒိယက သက်တမ်း ၁ နှစ် ထပ်တိုး
Donate to DVB

မတ်ပဲ အခွန်လွတ်တင်သွင်းခွင့်ကို အိန္ဒိယအစိုးရက ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်အထိ တနှစ်သက်တမ်း ထပ်မံတိုးမြှင့်ကြောင်း မတ် ၁၀ ရက်မှာ ကြေညာချက်ထုတ်ပါတယ်။

အဲဒီကြေညာချက် ထွက်ပေါ်အပြီး ပြည်တွင်းဈေးကွက်မှာ အတက်အကျ မငြိမ်ဖြစ်နေတဲ့ မတ်ပဲဈေးက ပြန်တက်ရိပ်ပြလာပြီး တတန်ကို ကျပ်သိန်း ၃၀ အထက်ကို ပြန်မြင့်တက်လာပါတယ်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်လ ၁၀ ရက်က မတ်ပဲ (FAQ/RC) အမျိုးအစား တတန်ကို ကျပ် ၂,၉၉၅,၀၀၀ ရှိခဲ့တဲ့ဈေးနှုန်းက မတ်လ ၁၁ ရက်မှာ ကျပ် ၃,၀၄၂,၀၀၀ အထိ မြင့်တက်လာတာပါ။

တရက်အတွင်း မတ်ပဲတတန်ကို ကျပ် ၅၀,၀၀၀ ဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။

အိန္ဒိယက ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ ကာလကိုလည်း ၂၀၂၆ ခုနှစ် မတ်လကုန်အထိ သက်တမ်းတနှစ် ထပ်တိုးမြှင့်ထားကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ-အိန္ဒိယ နားလည်မှုစာချုပ် (MoU) အရ မြန်မာနိုင်ငံဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ အိန္ဒိယနိုင်ငံကို မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန် ၁ သိန်းကို နှစ်စဉ် တင်ပို့ခွင့်ရရှိထားဝာာ ဖြစ်ပါတယ်။

အဆိုပါ MoU သက်တမ်းကုန်ဆုံးမယ့် ၂၀၂၆ ခုနှစ်ကစပြီးလည်း တနှစ်ကို မတ်ပဲ တန်ချိန် ၅ သိန်းနဲ့ ပဲစင်းငုံ ၂ သိန်းထိ နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ဖို့ကိုလည်း ထပ်မံရေးထိုးမယ့် MoU မှာ ထည့်သွင်းချုပ်ဆိုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013