
မန်ယူအသင်းရဲ့ အကြီးတန်းဆရာဝန် ၂ ယောက်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။
အသင်းရဲ့ အားကစားဆေးပညာဆိုင်ရာအကြီးအကဲလည်းဖြစ်တဲ့ ဒေါက်တာ ဂယ်ရီအိုဒရစ်ကိုးလ် နဲ့အတူ အကြီးတန်း ဆရာဝန် ဂျင်မောက်ဆင်တို့ဟာ ရာထူးကနေ နုတ်ထွက်ဖို့ရှိနေတာပါ။
ဒေါက်တာဂယ်ရီဟာ ပြီးခဲ့တဲ့ ၁၈ လကမှ အာဆင်နယ်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အချိန်တို အတွင်းမှာ အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဘက်ကတော့ အကြီးတန်းဆရာဝန် ၂ ယောက် နုတ်ထွက်မှုဟာ ဒဏ်ရာရ ကစားသမားစာရင်း များပြားနေတာနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။
တခြားသတင်းတွေမှာတော့ အသင်းရဲ့ ဝန်ထမ်း ၂၀၀ လောက် ထပ်မံလျှော့ချမှုမှာ အကြီးတန်းဆရာဝန် ၂ ယောက် ပါဝင်တာလည်း ဖြစ်နိုင်ကြောင်း ဖော်ပြကြပါတယ်။
မန်ယူအသင်းဟာ အခုနှစ်ရာသီအတွင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် အခက်အခဲတွေ့ခဲ့ပြီး ဒဏ်ရာရရှိမှု စုစုပေါင်း အကြိမ် ၆၀ အထိ ရှိခဲ့တာပါ။
အဆိုပါ အကြီးတန်းဆရာဝန် ၂ ယောက်ဟာ အစားထိုးမယ့် ဆရာဝန်တွေ မလာခင် လက်ရှိတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
Photo: Reuters