
ပရိသတ်တသိန်းဝင်ဆံ့မယ့် ထီးပုံသဏ္ဌာန် တာဝါ ၃ တိုင်ပါ မန်ချက်စတာယူနိုက်တက်ရဲ့ ဘောလုံးကွင်းသစ်ဒီဇိုင်း ထွက်ပေါ်လာပါတယ်။
ပေါင် ၂ ဘီလီယံကုန်ကျမယ့် မန်ယူအသင်းကွင်းသစ်ဟာ လက်ရှိ အိုးထရက်ဖို့ဒ်ကွင်းရဲ့ အနောက်ဘက်မှာ တည်ဆောက်သွားမှာဖြစ်ပြီး ၅ နှစ်အတွင်းမှာ ပြီးစီးမယ်လို့ ဆိုပါတယ်။
ကွင်းအပေါ်မှာ ထီးပုံသဏ္ဌာန် တာဝါ ၃ တိုင်ပါရှိပြီး အသင်းရဲ့ လိုဂိုမှာပါဝင်တဲ့ ခက်ရင်းခွဲက အသွားသုံးချောင်းကို ရည်ညွှန်းထားတာဖြစ်တယ်လို့ သိရပါတယ်။
ခေတ်မီပစ္စည်းကိရိယာတွေ ပါဝင်လာမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ကွင်းနဲ့ ပိုမိုနီးကပ်စေမယ့် ပွဲကြည့်စင်ဒီဇိုင်း ရေးဆွဲထားတယ်လို့ သိရပါတယ်။
အထူးသဖြင့် အိမ်ကွင်းဖိအား ပိုမိုရရှိစေဖို့အတွက် ဆူညံတဲ့ပရိသတ်အသံတွေလည်း ဖန်တီးနိုင်မယ်လို့ သိရပါတယ်။
ဗြိတိန်ရဲ့ အကြီးမားဆုံးဘောလုံးကွင်း ဖြစ်လာမှာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးကွင်း ဖြစ်လာဖို့ လုပ်ဆောင်သွားမယ်လို့ အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ဖ်က ပြောသွားပါတယ်။