DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုအဝေးပြေးလမ်း မတော်တဆမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံး
DVB
·
March 11, 2025
မက္ကဆီကိုအဝေးပြေးလမ်း မတော်တဆမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံး
Donate to DVB

မက္ကဆီကိုနိုင်ငံတောင်ပိုင်း အဝေးပြေးလမ်းမတခုပေါ်က ခရီးသည်တင်ဘတ်စ်ကားတစီး တိမ်းမှောက်မှုမှာ ပါဝင်ခဲ့တဲ့ မတော်တဆမှုကြောင့် မတ် ၁၀ ရက်က လူ ၁၈ ယောက် သေဆုံးပြီး အနည်းဆုံး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိသွားကြတယ်လို့ ဝါဟာကာပြည်နယ်အစိုးရ အတွင်းဝန် ယယ်ဆုစ် ရိုမယ်ရိုက ထုတ်ပြန်ပါတယ်။

ဆန်တိုဒိုမင်းဂိုနာရိုမြို့လေးရဲ့ အဝင်ပေါက်နားမှ မီတာ ၂၀၀ လောက်အကွာ မစ်(တ်)လာ- တယ်ဟွမ် တယ်ပက်ခ် အဝေးပြေးလမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တာပါ။

ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မပြောထားပါဘူး။

ချုံဖုတ်တွေထဲ ထိုးကျနေတဲ့ ဘတ်စ်ကားတဝိုက်နဲ့ လမ်းဘေးမှာ ကယ်ဆယ်ထားတဲ့ အလောင်းတွေနားမှာ အရေးပေါ်အဖွဲ့ပေါင်းများစွာ ကယ်ဆယ်ရေး လုပ်ပေးနေကြပါတယ်။

ဝါဟာကာမီးသတ်တပ်ဖွဲ့ရဲ့ ဒါရိုက်တာ ဟော်ရ်ဟဲရီဗာ့စ်က “ကရိန်းကားလာမှ ဆက်လုပ်လို့ရမှာတွေ ရှိနေလို့ ရောက်လာမယ့်အချိန်ကို စောင့်နေတာဖြစ်ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာဖို့ ရှိ မရှိ သိရမယ်” လို့ ပြောပါတယ်။

ဘတ်စ်ကားထဲမှာ အလောင်းတွေ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။ မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တောင်တက်လမ်းကြီးမှာ ကားမောင်းသူက အိပ်ပျော်သွားတာလား၊ ဘတ်စ်ကားကို မထိန်းနိုင်တော့ဘဲ အောက်ထဲ ထိုးကျသွားသလား၊ ဘယ်လိုကြောင့် မတော်တဆ ဖြစ်သွားတယ် ဆိုတာကို နားမလည်ဘူးလို့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ အဲလိယာ့စ် အိုမာ က ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013