DVB Logo
Home
အားကစား
နည်းပြအာမိုရင် မန်ယူအသင်းကို ကာလရှည်တာဝန်ယူနိုင်မည်ဟု ပိုင်ရှင် ရတ်ကလစ်ဖ် ပြော
DVB
·
March 11, 2025
နည်းပြအာမိုရင် မန်ယူအသင်းကို ကာလရှည်တာဝန်ယူနိုင်မည်ဟု ပိုင်ရှင် ရတ်ကလစ်ဖ် ပြော
Donate to DVB

လက်ရှိနည်းပြရူဘင်အာမိုရင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ကာလရှည် တာဝန်ယူနိုင်မယ့် နည်းပြဖြစ်တယ်လို့  အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ဖ်က ပြောပါတယ်။

BBC နဲ့ အင်တာဗျူးအစီအစဉ်မှာ နည်းပြအာမိုရင်နဲ့ ပတ်သက်လို့ ရတ်ကလစ်ဖ်က ထောက်ခံအားပေးစကား ဆိုသွားခဲ့တာပါ။

အာမိုရင်ဟာ ထူးချွန်တဲ့လူငယ်နည်းပြဖြစ်ပြီး အသင်းမှာ ကာလရှည်ဆက်နေမှာဖြစ်ကြောင်း၊ လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားစာရင်းအရ ကြည့်မယ်ဆိုရင် နည်းပြအာမိုရင်အနေနဲ့ အကောင်းဆုံး စွမ်းဆောင်နေတာလို့ ဆိုနိုင်ကြောင်း ရတ်ကလစ်ဖ်က ပြောပါတယ်။

ဒါ့အပြင် အသင်းရှိ ကစားသမားတွေထဲက တချို့ဟာ လုံလောက်တဲ့ စွမ်းဆောင်ရည်မပြသနိုင်ဘဲ ဖြစ်နေပြီး တချိုဟာလည်း  ပေးချေရတဲ့ပမာဏ များပြားနေကြောင်း၊ ပြုပြင်ပြောင်းလဲနေဆဲ ကာလဖြစ်လို့ အခက်အခဲရှိနိုင်ပြီး အနာဂတ်မှာ အောင်မြင်မှု ရယူနိုင်မယ်လို့ ထင်ကြောင်း ပူးတွဲပိုင်ရှင်ရတ်ကလစ်ဖ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013