
လက်ရှိနည်းပြရူဘင်အာမိုရင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ကာလရှည် တာဝန်ယူနိုင်မယ့် နည်းပြဖြစ်တယ်လို့ အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလစ်ဖ်က ပြောပါတယ်။
BBC နဲ့ အင်တာဗျူးအစီအစဉ်မှာ နည်းပြအာမိုရင်နဲ့ ပတ်သက်လို့ ရတ်ကလစ်ဖ်က ထောက်ခံအားပေးစကား ဆိုသွားခဲ့တာပါ။
အာမိုရင်ဟာ ထူးချွန်တဲ့လူငယ်နည်းပြဖြစ်ပြီး အသင်းမှာ ကာလရှည်ဆက်နေမှာဖြစ်ကြောင်း၊ လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားစာရင်းအရ ကြည့်မယ်ဆိုရင် နည်းပြအာမိုရင်အနေနဲ့ အကောင်းဆုံး စွမ်းဆောင်နေတာလို့ ဆိုနိုင်ကြောင်း ရတ်ကလစ်ဖ်က ပြောပါတယ်။
ဒါ့အပြင် အသင်းရှိ ကစားသမားတွေထဲက တချို့ဟာ လုံလောက်တဲ့ စွမ်းဆောင်ရည်မပြသနိုင်ဘဲ ဖြစ်နေပြီး တချိုဟာလည်း ပေးချေရတဲ့ပမာဏ များပြားနေကြောင်း၊ ပြုပြင်ပြောင်းလဲနေဆဲ ကာလဖြစ်လို့ အခက်အခဲရှိနိုင်ပြီး အနာဂတ်မှာ အောင်မြင်မှု ရယူနိုင်မယ်လို့ ထင်ကြောင်း ပူးတွဲပိုင်ရှင်ရတ်ကလစ်ဖ်က ပြောသွားပါတယ်။