DVB Logo
Home
မြန်မာသတင်း
LGBT အရေးလှုပ်ရှားသူ စာရေးဆရာမ စောဟန်နွေဦး၏ ဈာပန မဲဆောက်တွင်ကျင်းပ (ဓာတ်ပုံ) 
DVB
·
March 10, 2025
LGBT အရေးလှုပ်ရှားသူ စာရေးဆရာမ စောဟန်နွေဦး၏ ဈာပန မဲဆောက်တွင်ကျင်းပ (ဓာတ်ပုံ) 
1 / 7
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်မှာ ကွယ်လွန်သွားတဲ့ LGBT အရေးလှုပ်ရှားသူ အသက် ၂၈ နှစ်အရွယ် စာရေးဆရာမ စောဟန်နွေဦး (ခ) နော်ဟဲနေထူးရဲ့ ဈာပနကို မတ် ၁၀ ရက် ဒီနေ့လယ် ၁ နာရီခွဲလောက်က မဲဆောက်မြို့ ဝပ်မောက်ကထန်သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်  LGBT အရေးလှုပ်ရှားနေသူလည်းဖြစ်တဲ့ စာရေးဆရာမ စောဟန်နွေဦး (ခ) နော်ဟဲနေထူးဟာ မတ် ၉ ရက် ည ၉ နာရီလောက်က ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

စောဟန်နွေဦးဟာ အဆုတ်၊ ငှက်ဖျားနဲ့ လေဖြန်းထားတဲ့ ဝေဒနာတွေကို မဲဆောက်မြို့ မယ်တော် (ကျောင်းသား) ဆေးခန်းမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာလို့  နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့  LGBT အဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းခဲ့ပြီးနောက်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူဖြစ်ပြီး စာရေးဆရာမ LGBT စောဟန်နွေဦးလို့ နိုင်ငံရေးနယ်ပယ်မှာ လူသိများ ထင်ကြားသူတယောက် ဖြစ်ပါတယ်။

စောဟန်နွေဦးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတယောက်က “သူက ဒီနွေဦးတော်လှန်ရေးမှာ အရေးပါသူတယောက် ဖြစ်ခဲ့တယ်။ သူ နိုင်တဲ့နေရာကနေ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်ပေးခဲ့ဖူးတယ်။ သူ တတ်မြောက်တဲ့ စာရေးခြင်းအတတ်ပညာနဲ့ နိုင်ငံရေး စာပေဗဟုသုတတွေကို ရေးလေ့ရှိတဲ့အပြင် LGBT တွေရဲ့ အရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ” လို့ DVB ကို ပြောပါတယ်။

စောဟန်နွေဦးရဲ့ နာရေးကို မဲဆောက်မြို့ ဝပ်မောက်ကထန်သုသာန်မှာကျင်းပ မီးသင်္ဂြိုဟ်ခဲ့ပြီး သူ့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက  လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013