DVB Logo
Home
မြန်မာသတင်း
လသာတွင် ကား ၃ စီး မီးလောင်၊ သိန်း ၁၃၀၀ ကျော် ဆုံးရှုံး
DVB
·
March 9, 2025
လသာတွင် ကား ၃ စီး မီးလောင်၊ သိန်း ၁၃၀၀ ကျော် ဆုံးရှုံး
1 / 5
Donate to DVB

ရန်ကုန်၊ လသာမြို့နယ်၊ အနော်ရထာလမ်းနဲ့ ၂၃ လမ်းထောင့်မှာ မတ် ၉ ရက် ဒီမနက်စောစော ၁ နာရီ မိနစ် ၄၀ လောက်က ကား ၃ စီး မီးလောင်ခဲ့ပြီး ကျပ်သိန်း ၁၃၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

လမ်းဘေးမှာ ညအိပ်ရပ်ထားတဲ့ ဆူဇူကီးပစ်ကပ်ကားရဲ့ ဆီပန့်နေရာကနေ မီးလောင်ခဲ့တာဖြစ်ပြီး ဘေးမှာကပ်ရပ်ထားတဲ့ ဟိုက်ဂျက်ပစ်ကပ်တစီးနဲ့ ဆူဇူကီးဆွစ်ကားတို့ကိုပါ ကူးစက်လောင်ကျွမ်းသွားခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “စလောင်တဲ့ကားရဲ့ နောက်ခန်းမှာ မီးသွေးအိတ်ပါတော့ လောင်စာပိုကောင်းသွားတာ။ ဆီပန့်နေရာက စဖြစ်တာလို့ ခန့်မှန်းလို့ရပါတယ်။ လောင်တဲ့ကားက အလယ်ကဆိုတော့ ဘေးကကားတွေပါ ကူးသွားတာ။ အားလုံး သိန်း ၁၃၀၀ ကျော်မယ်” လို့ ပြောပါတယ်။

မီးလောင်နေရာကို ကျောက်တံတားမီးသတ်နဲ့ အရပ်ဘက်အသင်းတွေ ဝိုင်းငြှိမ်းခဲ့တာကြောင့် မနက် ၁ နာရီ ၄၄ မိနစ်မှာ မီးငြိမ်းသွားပြီး လူနဲ့ တိရစ္ဆာ န်ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013