
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ မတ် ၈ ရက်နေ့က ထိန်းသိမ်းခံထားရတဲ့ စင်တာကနေ ပြန်လည် လွတ်မြောက်လာပါတယ်။
စစ်တပ်အာဏာသိမ်းတယ်လို့ ကြေညာတာကြောင့် ပြစ်ဒဏ်ချမှတ်ခံရမဲ့အရေးနဲ့ ရင်ဆိုင်နေရတဲ့ ယွန်းကို ဖမ်းဆီးဖို့ဝရမ်းကို တရားရုံးက ပယ်ဖျက်ခဲ့တာပါ။
တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အစိုးရရှေ့နေတွေက အယူခံမဝင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ယွန်းက ထိန်းသိမ်းခံထားရတဲ့ စင်တာကနေ ပြန်လွတ်ခဲ့တာဖြစ်ပါတယ်။
ယွန်းဟာ တာဝန်ထမ်းဆောင်နေချိန် ပထမဆုံးဖမ်းဆီးထိန်းသိမ်းခံရတဲ့ တောင်ကိုရီးယား သမ္မတဖြစ်ပြီး သူဟာ ဇန်နဝါရီ ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။
ဒီဇင်ဘာ ၃ ရက်နေ့က စစ်အာဏာသိမ်းကြောင်း ကြေညာခဲ့ပြီးနောက် လူထုအုံကြွမှုတွေ ဖြစ်ပေါ်ခဲ့ပြီး သမ္မတယွန်းလည်း ရာထူးကနေဆိုင်းငံ့ခံထားရသလို စစ်ဆေးခံနေရပါတယ်။
ယွန်းရဲ့ သမ္မတရာထူးနဲ့ပတ်သက်ပြီး ရာထူးကနေထုတ်ပယ်မှာလား၊ ဒါမှမဟုတ် ရာထူးပြန်ပေးမှာလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက လာမဲ့ရက်တွေမှာ ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။
ဆိုးလ်မြို့ဗဟိုခရိုင်တရားရုံးကတော့ ယွန်းရဲ့ ဖမ်းဝရမ်းကို မတ် ၇ ရက်နေ့မှာ ပယ်ဖျက်ခဲ့သလို ယွန်းကို စစ်ဆေးတာနဲ့ပတ်သက်ပြီး တရားဝင်မှုရှိမရှိနဲ့ တရားစွဲဖို့ ရုံးကိုဆင့်ခေါ်တာတွေကိုလည်း ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။
Source: Reuters