DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်ထောင်က နိုင်ငံရေးအကျဥ်းသား ၅ ဦးကို လွတ်ရက်စေ့ပေမဲ့ ပြန်လွှတ်မပေး
DVB
·
March 8, 2025
လွိုင်ကော်ထောင်က နိုင်ငံရေးအကျဥ်းသား ၅ ဦးကို လွတ်ရက်စေ့ပေမဲ့ ပြန်လွှတ်မပေး
Donate to DVB

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသူ တယောက်နဲ့ အကျဥ်းသား ၄ ယောက်ကို လွတ်ရက်စေ့နေပေမဲ့ ပြန်မလွှတ်ပေးဘဲ ဆက်လက်ဖမ်းဆီးထားတယ်လို့ ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA)က ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသား ၅ ယောက်က နိုဝင်ဘာနဲ့ ဒီဇင်ဘာလကတည်းက လွတ်ရက်စေ့နေပေမဲ့ ရဲစခန်းမှာပဲ ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး ဖေဖော်ဝါရီ စတုတ္ထအပတ်ထဲမှာ အကြမ်းဖက်ပုဒ်မတွေတပ်ကာ ထောင်ထဲကို ပြန်ပို့ခဲ့ပြီး တရားစွဲဖို့လုပ်နေတယ်လို့ ဆိုပါတယ်။

KPPA တာဝန်ရှိသူက "အကုန်လုံးက လွတ်ရက်နဲ့ ပြန်လွတ်လာတယ်။ ဒါပေမဲ့ ရဲစခန်းမှာပဲထားတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အကြမ်းဖက်ပုဒ်မတွေကပ်ပြီးတော့ ထောင်ထဲကို ပြန်ပို့တဲ့ အခြေအနေရှိတယ်။ တချို့ဆိုရင် အခန်းထဲမှာပိတ်လှောင်ခံရမှုတွေကြောင့် အောက်ပိုင်းချိနဲ့တာတို့၊ အာဟာရမလုံလောက်တာတို့၊ တချို့ဆို ကျောက်ကပ်ရောဂါကို ခံစားနေရတယ်။ ဆေးဝါးကုသမှုလည်း လုံလုံလောက်လောက်မရရှိဘူး။ သူတို့ကတော့ လူအသက်တချောင်းက သူတို့အတွက် ဘာမှ မဟုတ်သလိုဘဲ"လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဥ်းသားတွေ အကျဥ်းထောင်တွင်းမှာ စားသောက်ရတဲ့ အစားအစာတွေက အာဟာရမရှိတဲ့အတွက် အားအင်ပြတ်လပ်တာ၊ အခန်းတွင်းပိတ်လှောင်ခံရမှုကြောင့် အောက်ပိုင်းချိနဲ့တာ၊ ဆေးဝါးကုသမှု လုံလုံလောက်လောက်မရရှိတာတွေ ကြုံတွေ့နေရတာကြောင့် KPPA က အကျဥ်းသားတွေအတွက် မိသားစုကနေတဆင့် နှစ်ပတ် တခါ ငွေကြေးထောက်ပံ့တာပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

လွိုင်ကော်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား အယောက် ၁၂၀ ကျော်ရှိတယ်လို့ သိရပြီး ဆေးဝါးပို့ဆောင်ဖို့ ရိက္ခာပို့ဆောင်ဖို့ အခက်အခဲတချို့ရှိနေပါတယ်။

မြန်မာနိုင်ငံအနှံ့က အကျဥ်းထောင်တွေမှာ နိုင်ငံရေးအကျဥ်းသား ၂၁၀၀၀ ကျော်အထိ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ထောင်တွင်း ရိုက်နှက်နှိပ်စက်မှုတွေ၊ ဆေးဝါးကုသမှုမပေးတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ ကြုံတွေ့နေရတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013