DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်ထောင်မှ ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသူ ၁ ဦးကို ပြန်ဖမ်းဆီး
DVB
·
October 31, 2025
လွိုင်ကော်ထောင်မှ ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသူ ၁ ဦးကို ပြန်ဖမ်းဆီး
Donate to DVB

DVB

ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အောက်တိုဘာလထဲ နိုင်ငံရေးအကျဉ်းသား ၃ ယောက် လွှတ်ပေးပေမဲ့ ၃ ‌ယောက်ထဲက တယောက်ကိုတော့ တခြားအမှုတခုတပ်ပြီး ရဲစခန်းမှာ ပြန်ဖမ်းထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) အဖွဲ့ တာဝန်ရှိသူက အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။

အောက်တိုဘာ ပထမအပတ်မှာ ၅၀/၂ ပုဒ်မနဲ့ နိုင်ကျဉ်းတယောက်၊ တတိယအပတ်မှာ ၅၀/၂ ပုဒ်မနဲ့ နိုင်ကျဉ်းတယောက်၊ စတုတ္ထအပတ်မှာ ၁၇/၁၊ ၅၀၅(က) နဲ့ နိုင်ကျဉ်းတယောက်တို့ လွတ်ရက်စေ့လို့ လွတ်ပေမဲ့ စတုတ္ထအပတ်က လွတ်တဲ့ နိုင်ကျဉ်းကတော့ နောက်အမှုတခုနဲ့ အမှုထပ်တပ်ခံရပြီး ရဲစခန်းမှာ ဖမ်းခံထားရတယ်လို့ သိရပါတယ်။

KPPA တာဝန်ရှိသူတယောက်က “၁၇/၁၊ ၅၀၅(က) တယောက်က သူက လွတ်ပြီ၊ လွတ်ပြီဆိုသော်လည်း သူ့ကို အမှုထပ်စွဲဖို့အတွက် ရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ အခြေအနေ ရှိတာပေါ့နော်။ လောလောဆယ်ကတော့ ဘာအမှုနဲ့စွဲတယ် ဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၅၄ ယောက်၊ အကျဉ်းသူ ၂၁ ယောက် အကျဉ်းကျခံနေရပြီး နိုင်ငံရေးအကျဉ်းသားတွေက ခုလက်ရှိအချိန်အထိ ထောင်ဝင်စာ ဧည့်တွေ့ခွင့် မရဘူးလို့ ဆိုပါတယ်။

အကျဉ်းထောင်အတွင်းမှာ ဆန်ပြုတ်၊ ပဲဟင်းနဲ့ ငပိ၊ အထူးရက်တွေမှာ ငါးခြောက်တို့ကိုပဲ စားရပြီး အသီးအရွက်အပင်တွေကို အကျဉ်းသားတွေက စိုက်ပျိုးနေရပေမဲ့ ရိတ်သိမ်းချိန်မှာတော့ ထောင်ပိုင်က အကျဉ်းသားတွေကို ပြန်ရောင်းစားတာတွေ ရှိနေတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် မတ်လထဲမှာလည်း နိုင်ငံရေးအကျဉ်းသူတယောက်နဲ့ အကျဉ်းသား ၃ ယောက်တို့ လွတ်ရက်စေ့ပေမဲ့ ရဲစခန်းမှာပဲထားပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ထဲ ပြန်ဖမ်းထားတာတွေ ရှိတယ်လို့ KPPA ကတဆင့် သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013