DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်များကြောင့် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံး
DVB
·
March 6, 2025
စစ်ကောင်စီ အကြမ်းဖက်လုပ်ရပ်များကြောင့် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံး
Donate to DVB

စစ်အုပ်စုက ဖေဖော်ဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုကို ပိုမိုပြုလုပ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အမျိုးသမီး ၆၆ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ကျူးလွန်နေတာကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ အမျိုးသမီး ၆၆ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၆၈ ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မတ် ၆ ရက်နေ့ ဒီကနေ့မှာ ထုတ်ပြန်လိုက်တာပါ။

မြန်မာအမျိုးသမီးသမဂ္ဂအနေနဲ့ သတင်းမီဒီယာတွေက အချက်အလက်တွေကို စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၅ ဦး၊ ကျေးရွာတွေနဲ့ နေအိမ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ၁၁ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၂ ဦး၊ အကျဉ်းထောင်အတွင်း ဆေးကုသခံယူမှု မရရှိခြင်းကြောင့် ၁ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၇ ဦးတို့ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်း အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီးတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီးက ၂၁ ဦးနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ၉ ဦး၊ မကွေးတိုင်းက ၉ ဦးနဲ့ မန္တလေးတိုင်းက ၈ ဦးတို့ပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013