DVB Logo
Home
မြန်မာသတင်း
“သတ်မှတ်ချိန် ၁၀ နာရီကျော်ပြီး ထွက်မယ်ဆိုရင် စဖမ်းတော့မယ်” ရပ်မိရပ်ဖတဦး
DVB
·
March 5, 2025
“သတ်မှတ်ချိန် ၁၀ နာရီကျော်ပြီး ထွက်မယ်ဆိုရင် စဖမ်းတော့မယ်” ရပ်မိရပ်ဖတဦး
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့မှာ ညဘက် အပြင်ထွက်သွားလာတဲ့ လူငယ်တွေကို စစ်တပ်က ပစ်မှတ်ထားပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ ရပ်မိရပ်ဖတွေက ပြောပါတယ်။်

၂၀၂၄ ခုနှစ် နိုဝင်ဘာလကစတင်ပြီး ကရင်ပြည်နယ်အတွင်းက ဘားအံ၊ လှိုင်းဘွဲနဲ့ ကော့ကရိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဆောင်ဖို့ လူငယ်တွေကို အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိမှာလည်း မူလထုတ်ပြန်ထားတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီ ညမထွက်ရအမိန့်အစား ည ၁၀ နာရီနောက်ပိုင်း သွားလာသူတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွားမယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

“အခုကျနော်တို့ဆီမှာ သူသတ်မှတ်ချိန်  ၁၀ နာရီကျော်ပြီး ထွက်မယ်ဆိုရင် စဖမ်းတော့မယ်။ ဖမ်းပြီးတော့ တပ်ထဲထည့်မယ်။ အဲဒါက နီးစပ်တဲ့သူတွေဆီက သိရတယ်။  အသိတွေရှိရင် သတိပေးထားဖို့ ပြောတယ်။ ဥပဒေက သူတို့လက်ထဲမှာ လုပ်ချင်သလိုလုပ်နေတော့ ခက်တယ်။  အကြောင်းပြချက်မရှိဘူး ဖမ်းချင်သူဖမ်းသွားမယ်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘားအံမြို့ တပ်မ ၂၂ ထဲမှာ လူငယ်တွေ ရာနဲ့ချီပြီး စစ်မှုထမ်းဆောင်ဖို့ ဖမ်းဆီးခံခဲ့ရပါတယ်။ ဘားအံမြို့မှာ ဘာအမိန့်ပဲထုတ်ထုတ် စားကွက်ကြီးပဲလို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

ရပ်မိရပ်ဖတယောက်က “အမိန့်တခုထုတ်လိုက်တိုင်း စားကွက်ကြီးပဲ။ ပါသွားပြီ။ မင်း ဘယ်လောက် တတ်နိုင်လဲ။ ဒါပဲလေ။ ရိုးရိုးလေပဲ။  ဘာအမိန့်ပဲထုတ်ထုတ် စားကွက်ကြီးပဲ။ သူ ညှိတော့မယ်၊ တောင်းတော့မယ်၊ ဒါပဲ။ ညဘက်ဖမ်းတဲ့ ကိစ္စတွေ အဲဒီအကွက်။ အဖွဲ့စုံ မဟုတ်ဘဲနဲ့ တဖွဲ့တည်းဖ မ်းသွားရင်တော့  အဲဒီအဖွဲ့ကစ ားမှာပဲ” လို့ ပြောပါတယ်။

ဘားအံမြို့မှာ အလုပ်အကိုင်အခွင့်ရေး ပေါများပေမဲ့ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီးနောက်ပိုင်း လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေကြောင့် လူငယ်လုပ်သား ရှားပါးတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့ခံတယောက်က “အများစုက ၈ နာရီ ၉ နာရီဆိုရင် မထွက်ကြတာ များတယ်။ အဲဒီနောက်ပိုင်းကို ထွက်တဲ့သူတွေ ဘာဖြစ်မှန်းကို မသိလိုက်ရဘူး။ အများစုက အပြင်မထွက်တဲ့အခါ ထွက်ရင်တောင် သိမှာမဟုတ်တော့ဘူး။ ဘေးကလူတွေတောင် မသိနိုင်လောက်တဲ့ ပုံစံ။ အခုဆိုရင် ကျမတို့ဆီမှာ လုပ်သားတွေ မရှိတော့ဘူးလေ။ အားလုံးက တော်တော်များများ နယ်ပြောင်းပြေးတာတွေ၊ တခြားနိုင်ငံ ထွက်သွားတာတွေ အဲလိုမျိုးတွေ များတယ်။ ပြီးတော့ ကျမတို့ဆီမှာ လူငယ်လုပ်သား ရှားသွားပြီ” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းအတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေး ခေါ်ယူပြီး လူအစားထိုးနိုင်ဖို့ ငွေကြေးကောက်ခံနေတာတွေ ရှိတယ်လို့ ငွေပေးခဲ့ရတဲ့ မြို့ခံပြည်သူတွေက ပြောပါတယ်။ 

ဘားအံ-ရန်ကုန်သွား ကားလမ်းပေါ်က  သံလွင်တံတားနဲ့ လမ်းကြောင်းတလျှောက်က စစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကို ပစ်မှတ်ထားပြီး တပ်သားသစ်စုဆောင်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေ ရှိနေပါတယ်။ 

ဒါ့အပြင် ညပိုင်း သွားလာနေသူတွေကို ဖမ်းဆီးပြီး ငွေနဲ့ ပြန်လည်ရွေးယူခိုင်းတာတွေလည်း ရှိတယ်လို့ ဘားအံမြို့ ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013