
ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံမှု ရလဒ်ကောင်းတွေက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထည့်သွင်းတွက်ချက်လို့ မရနိုင်ကြောင်း လီဗာကူဆင်နည်းပြ အလွန်ဆိုက ပြောပါတယ်။
လီဗာကူဆင်နည်းပြ အလွန်ဆိုဟာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်နဲ့ ၆ ပွဲမှာ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ ၃ ပွဲနိုင် ၃ ပွဲသရေရလဒ် ရရှိအောင် စွမ်းဆောင်ထားတာပါ။
အဲဒီရလဒ်ကောင်းတွေက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထည့်တွက်လို့မရဘဲ ဘိုင်ယန်အသင်းဘက်က မတူကွဲပြားတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ လုပ်ဆောင်လိမ့်မယ်လို့ နည်းပြ အလွန်ဆိုက ပြောပါတယ်။
အလွန်ခက်ခဲတဲ့ ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေဖို့လိုအပ်ပြီး ချန်ပီယံလိဂ် သမိုင်းကြောင်း ကောင်းမွန်တဲ့ ဘိုင်ယန်အသင်းအပေါ် လေးစားမှုအပြည့်ရှိကြောင်းလည်း နည်းပြအလွန်ဆိုက ပြောသွားပါတယ်။
လီဗာကူဆင်ဟာ ဥရောပပွဲစဉ်တခုအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Photo: Reuters