DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် ချိုးဖောက်သည်ဟု စွပ်စွဲပြီး ဒေသခံ ၂၇ ဦးကို ဖမ်းဆီး
DVB
·
March 3, 2025
ဧရာဝတီတိုင်း၌ ညမထွက်ရအမိန့် ချိုးဖောက်သည်ဟု စွပ်စွဲပြီး ဒေသခံ ၂၇ ဦးကို ဖမ်းဆီး
Donate to DVB

ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်းမှာ စစ်ကောင်စီက ညမထွက်ရအမိန့်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဒေသခံ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်အထိ တလအတွင်း ဒေသခံ ၂၇ ယောက်ကို စစ်ကောင်စီက သူတို့ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ချိုးဖောက်တယ်လို့ ခေါင်းစဉ်တပ် ဖမ်းဆီးခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသားလူငယ်တွေ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ တာဝန်ရှိသူတယောက်က “ဖမ်းတာကတော့ တပ်ကော၊ ရဲကော ဖမ်းခဲ့တာ။ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေနဲ့ အချုပ်ခန်းတွေမှာ ဖမ်းထားတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မအူပင်၊ ဟင်္သာတ၊ မြောင်းမ၊ ပုသိမ်၊ ဖျာပုံ၊ ငပုတော၊ လပွတ္တာ၊ ဝါးခယ်မ၊ ဘိုကလေး စတဲ့မြို့နယ်တွေက အရပ်သားတွေကို ညမထွက်ရအမိန့် ချိုးဖောက်တယ်လို့ စွပ်စွဲပြီး အများဆုံးအဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ မအူပင်ဒေသခံတယောက်က “မအူပင်က အဖမ်းခံရတဲ့ လူငယ်တွေက ငါးကန်လုပ်ငန်းကနေ အိမ်ပြန်လာရင်း အဖမ်းခံခဲ့ရတာ။ ၁၉ ရက်နေ့က အဖမ်းခံရတာ၊ ဒီနေ့အထိ အဆက်အသွယ် မရသေးဘူး။ ဘယ်လိုဥပဒေနဲ့ ငြိလို့ ဖမ်းတာလဲ မသိတော့ပါဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာ ပြီးခဲ့တဲ့ တလအတွင်း ညမထွက်ရအမိန့် ချိုးဖောက်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖေဖော်ဝါရီလ ပထမအပတ်မှာ ၁၁ ယောက်၊ ဒုတိယအပတ်မှာ ၇ ယောက်၊ တတိယအပတ်မှာ ၆ ယောက်၊ စတုတ္ထအပတ်မှာ ၃ ယောက် ဖမ်းဆီးထားတာလို့ သိရပါတယ်။

စစ်ကောင်စီက ည ၁၂ နာရီကနေ နောက်နေ့မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန် သတ်မှတ်ထားပေမဲ့ အဖမ်းခံရတဲ့ အရပ်သားတွေထဲမှာ ည ၈ နာရီ၊ ၉ နာရီ အချိန်တွေမှာ အပြင်ဘက်မှာတွေ့လို့ အဖမ်းခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီ ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာပဲ ထိန်းသိမ်းထားပြီး သူတို့ကို ဘယ်ပုဒ်မနဲ့မှ အမှုမဖွင့်ထားသေးသလို မိသားစုနဲ့လည်း အဆက်သွယ်မရတာကြောင့် စစ်မှုထမ်းထဲထည့်မှာကို မိသားစုတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013