DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားအုန်းဆီ ၁ ပိဿာ ငွေကျပ် ၁၃၀၀၀ အထိဈေးတက်
DVB
·
March 2, 2025
ဧရာဝတီတိုင်းတွင် စားအုန်းဆီ ၁ ပိဿာ ငွေကျပ် ၁၃၀၀၀ အထိဈေးတက်
Donate to DVB

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ စားအုန်းဆီကော်မတီက သတ်မှတ်ထားတဲ့ဈေးထက် ငွေကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်နေပြီး လက်ရှိမှာ စားအုန်းဆီ ၁ ပိဿာ ကျပ် ၁၃,၀၀၀ ပေါက်ဈေးနဲ့ ဝယ်ယူနေရတယ်လို့ စားသုံးသူတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ စားအုန်းဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ မတ် ပထမပတ်အတွက် စားအုန်းဆီအခြေခံရည်ညွှန်ဈေးကို ၁ ပိဿာ ၆,၀၀၀ ကျော် သတ်မှတ်ထားပြီး ဧရာဝတီတိုင်းက ပြင်ပဈေးကွက်မှာ စားအုန်းဆီ ၁ ပိဿာ ငွေကျပ် ၁၃,၀၀၀ အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

မော်လမြိုင်ကျွန်း ဒေသခံတယောက်က “စာရွက်ထဲမှာပဲ ဆီ ၁ ပိဿာကို ကျပ် ၅၀၀၀၊ ၆၀၀၀ ပေါက်တာ။ အပြင်ပေါက်ဈေးကတော့ ပိဿာချိန် ၁၀ ဝယ်လည်း ၁၃,၀၀၀ ပဲ။ ဒါက မြို့ပေါ်ဈေးပါ၊ ရွာတွေဘက်မှာ ၁ ပိဿာ ၁၆,၀၀၀ အထိရှိတယ်လို့တောင် သိရတယ်။ ဆီဈေးက သိသိသာသာ ကျတယ်ဆိုတာ မရှိပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက စားအုန်းဆီရည်ညွန်းဈေးသတ်မှတ် ထုတ်ပြန်ပေးနေတာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေ စားအုန်းဆီရောင်းချတဲ့ ခွဲတမ်းစာအုပ်လုပ်ပြီး ရောင်းပေးတာတွေ လုပ်နေပေမယ့် တကယ့်မြေပြင်မှာတော့ အရပ်သားတွေအတွက် မထိရောက်၊ အကျိုးမရှိဘူးလို့ ဆိုကြပါတယ်။

ကျိုက်လတ်မြို့ခံတယောက်က “စစ်ကောင်စီက စားအုန်းဆီဈေးနှုန်းတည်ငြိမ်ဖို့ဆိုပြီးလုပ်တာက အုပ်ကြီးတွေနဲ့မိသားစုတွေပဲ အဆင်ပြေတယ်။ ဆီစာအုပ်လုပ်ပြီးတော့ သူတို့ပဲဖြတ်ယူနေတာ။ အရပ်သားတွေ အခုအထိ ဆီမရသေးသူတွေမနည်း ရှိတယ်။ ငွေပေးစာအုပ်လုပ်ထားရလို့ သွားမေးရင် ခင်ဗျားတို့ ဆီလာထားသလားလို့ ပြန်မေးခံရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စားအုန်းဆီဈေးနှုန်း ပြန်တက်လာပြီး စားအုန်းဆီဟာ ပြည်ပတင်သွင်း ကုန်စည်ဖြစ်တာ၊ တချို့ကုမ္ပဏီတွေက ဆီတင်သွင်းမှုရပ်တာ၊ တင်သွင်းစရိတ်များလာလို့ ဆီကို လျှော့သွင်းလာတာတွေကြောင့် ဆီဈေးက အခုလို မတည်မငြိမ်နဲ့ အတက်ဘက်မှာပဲရှိနေတာလို့ စားအုန်းဆီလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းက စားအုန်းဆီ ၁ ပိဿာကို ငွေကျပ် ၁၀၄၀၀ ကျပ်ပဲရှိပြီး လက်ရှိမှာတော့ တပိဿာကို ကျပ် ၁၃,၀၀၀ အထိ ဈေးတက်နေသလို ဧရာဝတီတိုင်းကို ရန်ကုန်တိုင်းကတဆင့် စားအုန်းဆီကို အကန့်အသတ်နဲ့ပဲ တင်သွင်းနေရတာကြောင့်လည်း ဆီဈေးက အတက်ဘက်မှာပဲရှိနေတယ်လို့ စားအုန်းဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013