DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးနှင့် စင်ကာပူ MOPS ဈေးနှုန်းကျသော်လည်း ပြည်တွင်းဓာတ်ဆီဈေးတက်
DVB
·
February 28, 2025
ဒေါ်လာဈေးနှင့် စင်ကာပူ MOPS ဈေးနှုန်းကျသော်လည်း ပြည်တွင်းဓာတ်ဆီဈေးတက်
Donate to DVB

အမေရိကန် ဒေါ်လာငွေလဲနှုန်းနဲ့ စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းကျဆင်းနေပေမဲ့ မြန်မာ ပြည်တွင်း ဓာတ်ဆီ  ဈေးနှုန်းတွေက ပြီးခဲ့တဲ့ သီတင်းပတ်ထက် တလီတာကို ၁၀ ကျပ်ကနေ ၁၅ ကျပ်အထိ ထပ်မံ မြင့်တက်နေပါတယ်။

ပြည်တွင်းစက်သုံးဆီရောင်းဈေး အတက်၊ အကျက အဓိကဝယ်ယူတင်သွင်းတဲ့ စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းတို့အပေါ်မှာပဲ မူတည်ပြီး ဈေးအတက်အကျ ဖြစ်လေ့ရှိ ပေမယ့် အခု သီတင်းပတ်မှာ အမေရိကန် ဒေါ်လာ ငွေလဲနှုန်းနဲ့ စင်ကာပူနိုင်ငံရဲ့  MOPS ဈေးနှုန်းပါအကျဘက် ပြနေတဲ့ကြားကဈေးအနည်းငယ် ထပ်မံမြင့်တက် လာတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထက်  ဓာတ်ဆီ 92 Ron  တစ်လီတာကို ၁၅ ကျပ်၊ 95 Ron က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၁၀ ကျပ်အထိ မြင့်တက်လာတာပါ။ 

ဒီဇယ် တလီတာ ဈေးတွေကတော့ ၅ ကျပ်ကနေ ၁၅ ကျပ်အကြား ပြန်ကျဆင်းလာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းဟာ 92 Ron တစည်ကို ၈၅ ဒသမ ၅၂ ဒေါ်လာ၊ 95 Ron တစည်ကို ၈၆ ဒသမ ၉၁ ဒေါ်လာ၊ 10 PPM တစည်ကို ၉၃ ဒသမ ၂၂ ဒေါ်လာရှိခဲ့ရာက အခုတပတ်မှာ 92 Ron တစည်ကို ၈၁ ဒသမ ၉၄ ဒေါ်လာ၊ 95 Ron တစည်ကို ၈၃ ဒသမ ၄၁ ဒေါ်လာ၊ 10 PPM တစည်ကို ၈၈ဒသမ ၂၀ ဒေါ်လာကို အသီးသီး ပြန် ကျဆင်းနေပါတယ်။

ပြည်တွင်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာ  တဒေါ်လာကို  ၄၈၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး လက်ရှိမှာ ၄၄၅၀ ကျပ်အထိ ပြန်ကျဆင်း နေပါတယ်။

အခုတပတ်အတွက် စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက သတ်မှတ်တဲ့စက်သုံးဆီ လက်ကားရည်ညွှန်းဈေးအရ ရန်ကုန်မှာ အောက်တိန်း 92 တလီတာကို ၃၂၃၀ ကျပ်၊ 95 တလီတာကို ၃၂၈၀ ကျပ်၊ ဒီဇယ်တလီတာကို ၂၇၆၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာကို ၃၄၁၀ ကျပ်‌ဖြစ်ပါတယ်။

အခုလို စက်သုံးဆီဈေးတွေ မြင့်တက်နေတာကြောင့် အငှားယာဉ်မောင်းတွေနဲ့ လောင်စာဆီ အသုံးပြုရတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေ အခက်ကြုံနေရပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ စက်သုံးဆီအပါအဝင် အရေးကြီး သွင်းကုန်တွေ တင်သွင်းဖို့ ဒေါ်လာ သန်းပေါင်းများစွာ မကြာခဏ ထုတ်ရောင်း‌နေပြီး ဖေဖော်ဝါရီ ၂၆ ရက်ကလည်း စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန် ဒေါ်လာ သန်း ၂၃ သန်းနဲ့ ထိုင်းဘတ်သန်း ၁၅၀ ကျော်ကို ထုတ်ရောင်း‌ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013