DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း တိုင်းမှူးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ
DVB
·
February 28, 2025
စစ်ကိုင်းတိုင်း တိုင်းမှူးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ မုံရွာမြို့ဘက်ကို အိမ်စီးကားတွေနဲ့ ထွက်လာတဲ့ စစ်ကိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာတဲ့ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ Royal Tiger Force တော်လှန်ရေးတပ်ဖွဲ့ ကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီကျော်လောက်က စစ်ကိုင်းတိုင်း တိုင်းမှူးယာဥ်တန်းကို လမ်းကနေ ကြိုပွိုင့် ၃ ခုထားပြီး မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လုံခြုံရေးအရ ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့မှ သတင်းထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။

Royal Tiger Force ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇီးရိုးက “ကျနော်တို့ မုံရွာ-ချောင်းဦး လမ်းပိုင်းတနေရာကနေ ကြိုပွိုင့် ၃ နေရာထားပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီတပ်ဖွဲ့ ယာဥ်တန်းက ကားတစီးထိမှန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိသွားတယ်” လို့ DVB ကို ပြောပါတယ်။

မိုင်းထိမှန်တဲ့ကားကို ထားပြီး မုံရွာ-ချောင်းဦး လမ်းပိုင်းမှာရှိတဲ့ စွမ်းရည်ထက် စက်သုံးဆီ အရောင်းဆိုင်အထိ ဆက်မောင်းသွားပြီး ဒဏ်ရာရထားသူတွေကို ကယ်ထုတ်သွားတယ်လို့ ဆိုပါတယ်။

Royal Tiger Forceရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇီးရိုးက “တပ်မ ၃၃ ကနေ အိမ်စီးကား ၅ စီးနဲ့ တိုင်းမှူးပါလာတယ်ဆိုတာ သတင်းရလို့ အသင့်ထောင်ထားတဲ့ ပဒေသာမိုင်းတွဲတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။ မျိုးမင်းထွေးက ဒုတိယမြောက်ကားမှာ ပါသွားတယ်လို့သတင်းရပါတယ်။ ကျနော်တို့ ဆွဲလိုက်မိတာက တတိယကားဖြစ်နေတာ။ တတိယမြောက်ကားကတော့ အရှေ့ပိုင်းကမှန်တွေကွဲကြေပျက်စီးသွားတယ်လို့သိရပါတယ်”လို့ DVB ကို ပြောပါတယ်။ 

နမခတိုင်းမှူး မျိုးမင်းထွေးဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက လားရှိုးမြို့နဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို MNDAA တိုက်ခိုက်စဉ်က စကခ ၁ မှူးရာထူးနဲ့ ဖမ်ဆီးခံခဲ့ရသူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ်ခန့်အပ်ခံခဲ့ရသူပါ။ 

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို DVB က သီးခြား အတည်မပြုနိုင်သေးပါဘူး။

အဆိုပါတိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃၊ လျှပ်စီးတပ်ခွဲနဲ့ Nway Oo Brothers Column နွေဦးညီအစ်ကိုများ တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ကြေးနီတွေတင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မုံရွာ-မန္တလေး လမ်းပိုင်းတနေရာမှာ မိုင်းဆွဲခဲ့လို့ ကားတစီးပျက်စီးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013