DVB Logo
Home
မြန်မာသတင်း
ရွာငံမြို့နယ် မင်းပလောင်ရွာသား   ၂၀၀ ကျော် တုပ်ကွေးနှင့် အရေပြားရောဂါဖြစ်ပွား
DVB
·
February 28, 2025
ရွာငံမြို့နယ် မင်းပလောင်ရွာသား   ၂၀၀ ကျော် တုပ်ကွေးနှင့် အရေပြားရောဂါဖြစ်ပွား
Donate to DVB

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ အိုးအိမ်မဲ့ဖြစ်သွားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာက သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် အပါအဝင် ရွာသား ၂၀၀ ကျော်ဟာ တုပ်ကွေးနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာမှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတဲ့ အဲဒီကျေးရွာက ပြည်သူတွေဟာ အခုလက်ရှိ ယာယီမိုးကာတဲထိုးကာ နေနေကြရပြီး သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် ၂၀၀ ကျော်ဟာ လက်ရှိ ရာသီဥတု အပြောင်းလဲမှာ ခြင်ကိုက်တဲ့ဒဏ်ကို ခံစားနေကြရသလို တုပ်ကွေးနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေလို့ ခြင်ထောင်၊ ဆေးဝါးနဲ့ အိုးခွက်ပုဂံတွေ အရေးပေါ်လိုအပ်နေတာပါ။

မင်းပလောင်ကျေးရွာမှာ အိမ်ခြေ ၁၇၉ အိမ်၊ အိမ်ထောင်စု ၁၉၉ စု လူဦးရေ ၇၀၀ ကျော် နေထိုင်ပြီး ရွာသားတွေကို နီးစပ်ရာ တော်လှန်ရေးအင်အားစုတွေက မိုးကာ၊ အစားသောက်နဲ့ ဆေးဝါးတွေ ကူညီပေးနေပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၄ နှစ်ကျော် ကာလအတွင်း နိုင်ငံတဝန်း လူနေအိမ်ပေါင်း ၁ သိန်းကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တွေရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013