DVB Logo
Home
နိုင်ငံတကာ
TikTok ကဲ့သို့ ဗီဒီယိုအတိုတင်နိုင်မည့် App အသစ်တခု အင်စတာဂရမ် ထုတ်မည်
DVB
·
February 27, 2025
TikTok ကဲ့သို့ ဗီဒီယိုအတိုတင်နိုင်မည့် App အသစ်တခု အင်စတာဂရမ် ထုတ်မည်
Donate to DVB

အမေရိကန်နိုင်ငံမှာ TikTok ရဲ့ အနာဂတ် မရေမရာ ဖြစ်လာတာနဲ့အမျှ အင်စတာဂရမ်က ဗီဒီယိုအတိုလေးတွေ (Reels) တင်လို့ရနိုင်မယ့် သီးသန့် App တခုကို ဖန်တီးဖို့ရှိတယ်ဆိုပြီး သတင်းထွက်ပေါ်နေပါတယ်။

အခုတပတ်ထဲမှာ အင်စတာဂရမ်ရဲ့ အကြီးအကဲဖြစ်သူ အက်ဒမ် မက်ဆဲရီ (Adam Mosseri) က App အသစ်တခု ထပ်ထုတ်ဖို့ အလားအလာရှိကြောင်း ဝန်ထမ်းတွေကို အသိပေးခဲ့တယ်လို့  နီးစပ်သူတယောက်က အတည်ပြုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ် ကလည်း TikTok အနေနဲ့ ပြန်ရောင်းမလား၊ အပိတ်ခံရလား ဆိုပြီး သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်ကို ၇၅ ရက် ထပ်တိုးပေးထားပါတယ်။

အင်စတာဂရမ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုအပေါ် ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးသလို Tik Tok အနေနဲ့လည်း ဘယ်လိုဆက်သွားမယ် ဆိုတာကို စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

တချိန်တည်းမှာ ထရမ့်ပ်က TikTok ကို အမေရိကန်နဲ့ တရုတ်ကြား ဖက်စပ်လုပ်ငန်းအဖြစ် လည်ပတ်ဖို့အတွက် အဆိုပြုထားပါတယ်။

TikTok ရဲ့ တရုတ်မိခင်ကုမ္ပဏီ ByteDance နဲ့ အမေရိကန်ကြားမှာ ၅၀ ရာခိုင်နှုန်းစီ ပိုင်ဆိုင်မှုခွဲဝေဖို့ ကြိုးပမ်းနေပေမဲ့လည်း လက်ရှိအချိန်အထိတော့ အသေးစိတ် မသိရသေးပါဘူး။

TikTok အပိတ်ခံရမှုအပေါ် ကန့်ကွက်သူတွေကတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ဒါကိုဆက်ဖွင့်ထားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

၂၀၁၈ တုန်းကလည်း Meta ဟာ TikTok နဲ့ ယှဉ်ပြိုင်ဖို့အတွက် Lasso (လက်ဆို) အမည်ရ သီးခြား App တခုကို မိတ်ဆက်ခဲ့ပြီးနောက် ပြန်ပိတ်သိမ်းခဲ့ရပါတယ်။

တရုတ်နိုင်ငံက အမေရိကန်အသုံးပြုသူပေါင်း သန်း ၁၇၀ ရှိတဲ့ TikTok ကို နိုင်ငံရေးအရ လွှမ်းမိုးနိုင်ဖို့နဲ့ ထောက်လှမ်းရေး ကိရိယာအဖြစ် အသုံးချနိုင်တယ်ဆိုပြီး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013