DVB Logo
Home
နိုင်ငံတကာ
လပေါ်တွင် ရေရှိမရှိ ထောက်လှမ်းမည့်ဂြိုဟ်တု NASA လွှတ်တင်
DVB
·
February 27, 2025
လပေါ်တွင် ရေရှိမရှိ ထောက်လှမ်းမည့်ဂြိုဟ်တု NASA လွှတ်တင်
Donate to DVB

အမေရိကန် အမျိုးသားအာကာသသိပ္ပံ (NASA) က ပန်းကန်ဆေးစက်အရွယ် ဂြိုဟ်တုကို ဖလော်ရီဒါပြည်နယ်ကနေ ဖေဖော်ဝါရီ ၂၆ ရက်မှာ အာကာသထဲကို လွှတ်တင်ခဲ့ပါတယ်။

လမျက်နှာပြင်ပေါ်က အမြဲတမ်း အရိပ်ထိုးနေတဲ့ မီးတောင်အူကြောင်းတွေထဲမှာ လပေါ်သွားတဲ့ စစ်ဆင်ရေးအတွက် အဖိုးတန်ရင်းမြစ် ရေရှိမရှိ ထောက်လှမ်းဖို့ လွှတ်တင်တာလည်း ဖြစ်ပါတယ်။

NASA ရဲ့ လပေါ်မှာ မြေစမ်းခရမ်းပျိုးသူလို့ အဓိပ္ပာယ်ရတဲ့ လူနာ ထရိုင်ယယ်ဘလေဇာ (Lunar Trailblazer) အာကာသယာဉ်ကို တင်ဆောင်လာတဲ့ SpaceX Falcon 9 ဒုံးပျံကို ကနေဒီ အာကာသ စခန်းကနေ လွှတ်တင်ခဲ့တာပါ။

အာကာသယာဉ်ကို လော့ခ်ဟိဒ် မာတင် ကော်ပိုရေးရှင်းရဲ့ LMT.N အာကာသဌာနခွဲက တည်ဆောက်ခဲ့ပါတယ်။

လမျက်နှာပြင်ကို ခြောက်သွေ့နေတယ်လို့ ယူဆကြပေမဲ့ အရင်တိုင်းတာချက်တွေအရ ပူနွေးတဲ့ နေအလင်းရောင်ရှိတဲ့ နေရာတွေမှာတောင် ရေတချို့ ရှိနေတာကို တွေ့ခဲ့တာပါ။

လဝင်ရိုးစွန်းတွေရဲ့ အေးပြီး အမြဲတမ်း အရိပ်ရနေတဲ့ နေရာတွေမှာ ပမာဏသိသာတဲ့ ရေခဲတွေ ရှိနေနိုင်တယ်လို့ ယူဆခဲ့တာ ကြာပါပြီ။

အလေးချိန် ပေါင် ၄၄၀ (၂၀၀ ကီလိုဂရမ်) အလေးချိန်ရှိပြီး ဆိုလာပြားတွေ အပြည့်ချထားတဲ့ အကျယ် ၁၁ ဒသမ ၅ ပေ (၃ ဒသမ ၅ မီတာ) ရှိတဲ့ ထရိုင်ယယ်ဘလေဇာ အာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်က ရေတွေကို ရှာဖွေဖို့နဲ့ မြေပုံဆွဲဖို့ တာဝန်တွေနဲ့ စေလွှတ်ခံရတာ ဖြစ်ပါတယ်။

အာကာသယာဉ်မှူးတွေ တာဝန်ထမ်းဆောင်နေတဲ့ ကာလရှည် လပေါ်အခြေစိုက်စခန်းတွေ အပါအဝင် အနာဂတ်မှာ လကို စူးစမ်းလေ့လာဖို့ လပေါ်က ရေတွေက သောက်သုံးဖို့သာမက ဒုံးကျည်တွေ လောင်ကျွမ်းဖို့ အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင်လောင်စာအဖြစ် စီမံဆောင်ရွက်နိုင်လို့ လပေါ်က ရေဟာ မရှိမဖြစ် အရေးပါမှာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013