DVB Logo
Home
မြန်မာသတင်း
ဘုတ်ပြင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ရိုဟင်ဂျာများကို ကော့သောင်းထောင်ပို့
DVB
·
February 27, 2025
ဘုတ်ပြင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ရိုဟင်ဂျာများကို ကော့သောင်းထောင်ပို့
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ အားကစားခန်းမမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာတွေကို ‌ထောင်ဒဏ်  ၂ နှစ်ချမှတ်လိုက်ပြီးတော့ ကော့သောင်းမြို့ အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ ဘုတ်ပြင်းဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၁၀၂ ဦးကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ မြန်မာနိင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေ နဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ ဘုတ်ပြင်းဒေသခံတယောက်က ပြောပါတယ်။

“ထောင်ချလိုက်တာ တယောက်ကို ၂ နှစ်စီချလိုက်တယ်၊ ကလေးတွေလည်းပါတယ်။ ကလေးတွေက ရင်ခွင်ပိုက်တွေမဟုတ်ဘူး။ မိခင်တွေကို ချလို့ သူတို့ပါ ချလိုက်တာမျိုးမဟုတ်ဘူး။ သူတို့ကိုပါ အပြစ်ဒဏ်ပေးတယ်။ မြန်မာလို့ တယောက်မှလည်း ကောင်းကောင်းပြောမတတ်ကြဘူး။ နားလည်းမလည်ကြဘူး။”

ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရတဲ့ ရိုဟင်ဂျာ ၁၀၂ ဦးထဲမှာ အမျိုးသား ၉၅ ဦး၊ အမျိုးသမီး ၂ ဦး အပါအဝင် ဆယ်ကျော်သက်အရွယ်လူငယ် ၅ ဦးလည်း ပါဝင်ပြီး အမိန့်ချပြီးနောက်တရက် မနက် ၄ နာရီလောက်မှာ ကော့သောင်းကို ကားနဲ့ပို့ဆောင်ခဲ့တယ်လို့ ‌ဆိုပါတယ်။

“သူတို့မှာက နိင်ငံသားမှတ်ပုံတင်မရှိကြဘူး‌လေ။ ဖမ်းမိကတည်းက ဘုတ်ပြင်းမြို့အားကစားရုံမှာပဲ ထားတယ်။ တရားမဝင်လို့ ထောင်ချတာတော့ လက်ခံပေးတယ်။ ကလေး‌တွေပါ ထောင်ချတာဆိုတော့ မလုပ်သင့်တဲ့ကိစ္စပါ။”

ထိုင်းနိင်ငံထဲ ခိုးဝင်ဖို့လာတဲ့ ရိုဟင်ဂျာလူမျိုး ၁၀၂ ဦးကို ဖေဖော်ဝါရီ ၅ ရက်နေ့က ဘုတ်ပြင်းမြို့နယ် ထောင်ကမတ်ကျေးရွာအုပ်စု ဆီအုန်းတောသင်္ချိုင်းအနီးမှာ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေက သေနတ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါနေ့က ဖြစ်စဉ်အတွင်း ပစ်ခတ်ဖမ်းဆီးတာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။

အဲ့ဒီရိုဟင်ဂျာ ၁၀၂ ဦးဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဘက်ကနေ စက်လှေနဲ့ ထွက်ခွာလာတာဖြစ်ပြီး ပွဲစားကနေတဆင့် ချိတ်ဆက်ပြီးလာတာလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း ထိုင်းနိင်ငံကို နယ်စပ်ဘက်ကနေ တရားမဝင်လမ်းကြောင်းနဲ့ ဝင်ဖို့လုပ်တဲ့ လူငယ်‌တွေ အများအပြားပါလာတဲ့ ကားတစီးအား မြိတ်မြို့၊ ကျွဲကူးကျေးရွာဘက်မှာ စစ်ကောင်စီတပ်က စစ်ဆေးဖမ်းဆီးမိခဲ့တယ်လို့ မြိတ်ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013