
ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ် ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူတွေ လက်နက်ခဲယမ်းတွေကို တပ်ရင်းတပ်ဖွဲ့တွေထံ အပ်နှံဖို့ CDF မင်းတပ်ထုတ်ပြန်က ဖေဖော်ဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လက်နက်ခဲယမ်း ထိန်းချုပ်နိုင်ရေးနဲ့ ပြည်သူလူထုကို လက်နက်ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်း အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက ရရှိထားတဲ့ လက်နက်ခဲယမ်း ဖြစ်စေ၊ တခြားတနည်းနည်းနဲ့ ရရှိထားတဲ့ လက်နက်ခဲယမ်းဖြစ်စေ တိုက်ခိုက်ရေးမောင်းပြန် ရိုင်ဖယ်နဲ့ တခြားလက်နက်ခဲယမ်းတွေကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေထံ မတ် ၁၅ ရက်နေ့ နောက်ဆုံးထား အပ်နှံပြီး ဆုကြေးနဲ့ ဝယ်ယူထားကြောင်း ခိုင်လုံမှုရှိပါက တန်ဖိုးထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
သတ်မှတ်ရက်ထက် ကျော်လွန်ပြီး လက်နက်ခဲယမ်းတွေကို လက်ဝယ်ထားရှိခြင်း၊ ကိုင်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မင်းတပ်မြို့ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှာ သိမ်းယူထားပြီး ယခု ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြည်သူတွေ မြို့ထဲပြန်လည်နေထိုင်ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။










