DVB Logo
Home
နိုင်ငံတကာ
ထိုင်းလေ့လာရေးအဖွဲ့ ဘတ်စ်ကားမှောက် ၁၇ ဦးသေဆုံး၊ ၄၀ ခန့် ဒဏ်ရာရ 
DVB
·
February 26, 2025
ထိုင်းလေ့လာရေးအဖွဲ့ ဘတ်စ်ကားမှောက် ၁၇ ဦးသေဆုံး၊ ၄၀ ခန့် ဒဏ်ရာရ 
Donate to DVB

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းဘူးရီးခရိုင်မှာ ဖေဖော်ဝါရီ ၂၆  မနက် ၃ နာရီကျော်က ခရီးသည်တင် အဲဘတ်စ်ကားတစီး မတော်တဆတိမ်းမှောက်သွားပြီး လူ ၁၇ ယောက် သေဆုံးကာ အယောက် ၄၀ လောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါ ဘတ်စ်ကားဟာ ဘင်ကန်ခရိုင် ဖွန်းကျရွန်းစည်ပင်သာယာရုံးမှ ဝန်ထမ်းတွေ တင်ဆောင်ပြီး  လယောင်းခရိုင် အလုပ်ရုံဆွေးနွေးပွဲသင်တန်းနဲ့ လေ့လာရေးခရီးစဉ်သို့ ထွက်ခွါလာစဉ်  ပရာကျင်းဘူးရီးခရိုင် နားဒီးမြို့နယ် ပူဖရမ်းအုပ်စု ဆန်ပူထွန်းတောင်ပေါ် အဆင်း လမ်းမှာ ဘရိတ်ပေါက်ပြီး  ချောက်ထဲကျသွားတာပါ။

ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက အခင်းဖြစ်တဲ့နေရာရောက်သွားတဲ့အခါမှာ တောင်အောက် လမ်းထဲဘေးတိုက်အနေအထားနဲ့ တိမ်းမှောက်နေတဲ့ ဘတ်စ်ကားတစီး တွေ့ရတယ်၊ တောင်နံရံကို အရှိန်ပြင်းစွာဝင်တိုက်ထားဟန်တူပြီး ကားခေါင်မိုးပွင့်ထွက်သွားသလို ကားရှေ့ခေါင်းလည်း ရစရာမရှိအောင် ပျက်စီးနေတယ်၊ ခရီးသည်အချို့ လမ်းပေါ် ကိုလွင့်စင်လာပြီး တချို့က ကားထဲမှာ ပိတ်မိနေသလို တချို့က ကားအောက်မှာပိနေတာကြောင့် နာကျင်စွာအော်ဟစ်အကူအညီတောင်းနေကြတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ သေဆုံးသူ ၁၆ ယောက်ရှိပြီး နောက် တယောက်က ဆေးရုံရောက်တော့ ဆုံးသွားတယ်၊ သေဆုံးသူထဲမှာ အမျိုးသမီး ၁၆ ယောက် အမျိုးသား တယောက်ပါဝင်တယ်၊ လောလောဆယ်ဒဏ်ရာရသူ ၃၂ ယောက် ကယ်ထုတ်နိုင်ပြီး ကဘင်ပူရီဆေးရုံနဲ့ နားဒီးမြို့နယ်ကို ပို့ဆောင်ထားကာ နောက်ထပ်ဒဏ်ရာရသူတွေကို ရှာဖွေနေဆဲလို့ ဆိုပါတယ်။

နောက်ဆက်တွဲသတင်းအရ ဆေးရုံမှာ နောက်ထပ် တယောက် သေဆုံးတယ်လို့  နားဒီးကယ်ဆယ်ရေးအဖွဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

အဆိုပါ လေ့လာရေးခရီးစဉ်မှာ ဝန်ထမ်းပေါင်း ၁၂၀ ကျော်လိုက်ပါလာပြီး ကား ၃ စီးနဲ့  မနေ့ညပိုင်းက ထွက်ခွါလာတယ်၊ မတော်တဆတိမ်းမှောက်သွားတဲ့ကားက အမှတ် ၃ ကားဖြစ်ပြီး တောင်ပေါ်မှ တောင်အောက်သို့မဆင်းခင်း ကားခေတ္တရပ်နားပြီး ကားရဲ့ အခြေအနေကို စစ်ဆေးဖို့ဖြစ်ပေမဲ့ အဲဒီကားက မစစ်ဆေးဘဲ တောက်ရှောက်မောင်းခဲ့တယ်၊ အခင်းဖြစ်တဲ့နေရာ တောင်ပေါ်အဆင်းလမ်းမှာ ဘရိတ်ပေါက်ပြီး အောက်လမ်းကြောကို ပြုတ်ကျတ တိမ်းမှောက်သွားတာလို့ နောက်ကလိုက်လာတဲ့ အမှတ် ၂ လေ့လာရေးကားမောင်းသူက ပြောပါတယ်။

အဆိုပါနေရာမှာ အဆင်းနဲ့ အကွေ့လမ်းလည်းဖြစ်၊ လမ်းဆုံလည်းဖြစ်လို့ ယာဉ်မတော်တဆ တိမ်းမှောက်မှု မကြာခဏဖြစ်ပွါးလေ့ရှိပြီး မနှစ်ကအထိ လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ကာ ဒီတခေါက်ကတော့ လူသေဆုံးဒဏ်ရာရသူအများဆုံး မတော်တဆမှုဖြစ်တယ်လို့  နယ်ခံတွေက ပြောပါတယ်။ 

Source:  Bangkokbiznews / MGR Online 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013