DVB Logo
Home
မြန်မာသတင်း
ရနောင်းအချုပ်မှ ပြန်လွတ်လာသည့် မြန်မာနိုင်ငံသား  ၂၀၀ ကို ကော့သောင်းဘက် ပြန်ပို့  
DVB
·
February 25, 2025
ရနောင်းအချုပ်မှ ပြန်လွတ်လာသည့် မြန်မာနိုင်ငံသား  ၂၀၀ ကို ကော့သောင်းဘက် ပြန်ပို့  
1 / 8
Donate to DVB

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ အချုပ်ထောင်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အယောက်  ၂၀၀ ကို ဖေဖော်ဝါရီ ၂၄ ရက် မနက်  ၁၁ နာရီခွဲလောက်က  မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။

နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ တရားမဝင်နေထိုင်မှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ရနောင်း လဝက အချုပ်ထောင်မှာ  ဖမ်းဆီးခံထားရတာဖြစ်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေကနေ ရနောင်းမြို့ ပန်နားလှေဆိပ်ကတဆင့် ကော့သောင်းလှေဆိပ်ကို ပို့ဆောင်ခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကော့သောင်းမြို့ခံတယောက်က “အရင်အပတ်က ခေါ်သွားတဲ့ ခမောက်ကြီး စစ်ဆေးထိန်းသိမ်းရေးနေရာ (ခလရ ၂၆၂)ကိုပဲ ခေါ်သွားမယ်ထင်တယ်။ စစ်ဆေးတာ လုပ်မယ်။ အရင်က စစ်ဆေးတာက နေရပ်၊ အိမ်ပြန်ပို့ဖို့ အမည် နေရပ်လိပ်စာပဲ အချက်အလက် စစ်ဆေးတာပါ၊ အခုစစ်တာက မွေးရာပါ ရောဂါ ရှိ၊ မရှိနဲ့ စစ်မှုထမ်းဖို့ အသက်ပြည့်၊ မပြည့် ဒါကိုပဲ အဓိကစစ်တော့တာ”လို့  ပြောပါတယ်။

နေရပ်ပို့ခံရတဲ့ လူ ၂၀၀ ကို စစ်ကောင်စီကနေ စစ်မှုထမ်းခိုင်းဖို့  အဓမ္မ လူသစ်စုဆောင်းသွားမှာကို စိုးရိမ်ရတယ်လို့  ကော့သောင်းမြို့ခံတယောက်က ပြောပါတယ်။

ဇန်နဝါရီလ ၂၂ ရက်ကလည်း ရနောင်းမြို့မှာ အပြစ်ဒဏ်ကျပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၁၄၉ ယောက်ကို  ကော့သောင်းဘက် နေရပ်ပြန်ပို့ဆောင်ခဲ့သေးတယ်လို့ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံကနေ နေရပ်ပြန်ပို့ခံရတဲ့ လူတွေထဲမှာ အသက်ပြည့်တဲ့ လူငယ်တွေ အပါအဝင် ဆေးစစ်ချက်အောင်တဲ့ လူတွေကို စစ်ကောင်စီရဲ့ ကော့သောင်းမြို့နယ်၊ ခြောက်မိုင်‌ကျေးရွာအခြေစိုက် ခလရ ၂၆၂ တပ်ရင်းကို ခေါ်ဆောင်သွားပြီး အဲဒီကတဆင့် တပ်သားလေ့ကျင့်ရေးစခန်းကို ပို့ဆောင်ပါတယ်လို့ ကော့သောင်းဒေသသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013