DVB Logo
Home
အားကစား
၅ နှစ်ဆက် အရှုံးပြနေသည့်  မန်ယူအသင်း ဝန်ထမ်း ၂၀၀ ခန့်ကို ထပ်မံ ထုတ်ပယ်
DVB
·
February 25, 2025
၅ နှစ်ဆက် အရှုံးပြနေသည့်  မန်ယူအသင်း ဝန်ထမ်း ၂၀၀ ခန့်ကို ထပ်မံ ထုတ်ပယ်
Donate to DVB

ပြီးခဲ့တဲ့ ၅ နှစ် ဆက်တိုက် အရှုံးပြနေတဲ့ မန်ယူအသင်းဟာ အသင်းဝန်ထမ်း ၂၀၀ ခန့် ကို ထပ်မံထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အသင်းအစည်းအဝေးမှာ ဝန်ထမ်း  အယောက် ၁၅၀ ကနေ ၂၀၀ ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အသင်းရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ ၅ နှစ် စာ အရှုံးပြခဲ့မှုကို ပြန်လည်ကာမိစေဖို့ လုပ်ဆောင်ခဲ့ရတာလို့ မန်ယူအသင်းစီအီးအို အိုမာဘာရာဒါက ဆိုပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်ကလည်း  အသင်းဝန်ထမ်း ၂၀၀ ကျော်ကို လျှော့ချခဲ့ပြီး လက်ရှိအချိန်အထိ အလုပ်သမားအရေအတွက် ၃၉ ရာခိုင်နူန်းအထိ လျှော့ချခဲ့တာပါ။

မန်ယူအသင်းဟာ ၂၀၂၄ ခုနှစ် ဇွန် ၃၀ ရက်အထိ ဝန်ထမ်း ၁၁၄၀ ယောက်ရှိပေမဲ့ စုစုပေါင်း ၄၅၀ လောက်ကို အလုပ်ကနေ ထုတ်ပယ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ပေါင် ၂၇ ဒသမ  ၇သန်း အရှုံးပေါ်ခဲ့တဲ့ မန်ယူအသင်းဟာ ၃ နှစ်အတွင်းမှာ ပေါင်သန်း ၃၀၀ အထိ အရှုံးပေါ်ခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ကစားသမားအင်အား ဖြည့်တင်းဖို့ လိုအပ်နေတဲ့ အသင်းအတွက် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေရှိလာကြောင်း မီဒီယာတွေက ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013