DVB Logo
Home
မြန်မာသတင်း
ညောင်ဦးတွင် နွေရာသီ သောက်သုံးရေ စတင်ပြတ်လပ်
DVB
·
February 24, 2025
ညောင်ဦးတွင် နွေရာသီ သောက်သုံးရေ စတင်ပြတ်လပ်
1 / 3
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ နွေရာသီသောက်သုံးရေ ပြတ်လပ်မှုတွေ စတင်ဖြစ်ပေါ်လာတာကြောင့် နီးစပ်ရာ မီးသတ်ရေသယ်ယာဉ်တွေနဲ့ အရပ်ဘက် ရေအလှူကားတွေကို မှီခိုလာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်အတွင်းက ကန်စောင့်ရွာနဲ့ ပျဉ်ချောင်းရွာရှိ စုစုပေါင်း အိမ်ထောင်စု ၅၀၀ ကျော် ခန့်မှန်းလူဦးရေ ၁၈၀၀ လောက်မှာ သောက်ရေပြတ်လပ်လာကြောင်း အကူအညီတောင်းလာခဲ့ကြပါတယ်။

နယ်မြေခံ စဥ့်ကူမီးသတ်အဖွဲ့က ရေသယ်ယာဉ် ၂ စီးနဲ့ ဖေဖော်ဝါရီ ၂၃ ရက်၊ မနက် ၉ နာရီလောက်မှာ သွားရောက်ကူညီလှူဒါန်းခဲ့တယ်လို့ ရေကူညီရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ပျဉ်းချောင်းရွာကိုတော့ ရွှေလင်းပင်ဆရာတော်ကျောင်းက အုတ်ကန်တွေထဲ ဖြည့်ပေးခဲ့တာပါ။ တောင်ဇင်းတိုက်နယ်ထဲမှာ လောလောဆယ် ကန်စောင့်ရွာပဲ လှူနိုင်သေးတယ်။ မီးသတ်ရေသယ်ယာဉ်တွေကတော့ အကုန်အခမဲ့ပါ။”

လတ်တလော ရွာ ၂ ရွာအတွက် ရေဂါလန်  ၆၄၀၀ အထိ အခမဲ့ လှူဒါန်းပေးနိုင်ခဲ့ပေမဲ့ ပူပြင်းရာသီမှာ ကန်ရေတွေ ခန်းခြောက်လွယ်တာကြောင့် တခြားရွာတွေမှာပါ သောက်သုံးရေ ဆက်လက်လိုအပ်နေပါတယ်။ 

ရေရှားပါးနေတာကြောင့်  ပြင်ပအရပ်ဘက်ရေသယ်ယာဉ် တစီးကို  ကျပ်ငွေ ၅၀,၀၀၀  ကနေ ၈၀,၀၀၀ ကြားအထိ ပေါက်ဈေးရှိနေပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ ၁၉၈,၀၀၀ ကျော် နေထိုင်တဲ့ ညောင်ဦးမြို့နယ်ထဲမှာ ရပ်ကွက် ၁၃ ခု၊ ရွာအုပ်စု ၅၉ ခုနဲ့ ရွာပေါင်း ၂၃၀ ကျော်ရှိပါတယ်။

မြို့နဲ့နီးတဲ့ ရပ်ကွက်နဲ့ရွာတွေမှာ ရေပိုက်လိုင်း၊ အဝီစီတွင်းတွေကနေ သောက်သုံးရေရရှိပေမဲ့ မြို့နယ်အတွင်းက ရွာတွေဟာ မြစ်/ချောင်း/တူးမြောင်းနဲ့ ရေကန်တွေကနေသာ အဓိကထား သုံးစွဲနေကြရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013