
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်း ပိုကောင်းလာဦးမယ်လို့ အက်စတန်ဗီလာ နည်းပြအူနိုင်းအမ်မရီက ပြောသွားပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ချဲလ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပေမဲ့ အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေအတွက် ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။
အသင်းသစ်မှာ အဆင်ပြေဖို့နဲ့ ယုံကြည်မှုတွေ ပြန်ရနိုင်ဖို့အတွက် ရက်ရှ်ဖို့ဒ်ကို ကူညီပေးနေပြီး ရက်ရှ်ဖို့ဒ်ဟာ ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့ပေမဲ့ အရေးပါတဲ့ကစားသမားဖြစ်ခဲ့ကြောင်း နည်းပြ အမ်မရီက ပြောပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ လက်ရှိစွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပြီး အခုထက် ပိုကောင်းလာဖို့တောင်ရှိသေးကြောင်း နည်းပြအမ်မရီက ချီးကျူးသွားတာပါ။
မန်ယူကနေ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ ဗီလာနဲ့ ၄ပွဲကစားအပြီးမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။