
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ အယ်လ်ဟီလာအသင်းဆီ ပြောင်းရွှေ့တော့မဲ့ တိုက်စစ်မှူး အိုလီဝေါကင်းစ်ရဲ့ ပွဲကစားဖို့ ငြင်းဆန်ခဲ့မှုအပေါ် တောင်းပန်တာကို လက်ခံခဲ့ပါတယ်။
အသက် ၃၀ အရွယ် ဝေါကင်းစ်ဟာ ဆော်ဒီကလပ်ဆီ ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး ဘရိုက်တန်နဲ့ပွဲမှာ မကစားခဲ့တာကို ပြန်လည်တောင်းပန်ခဲ့တာပါ။
ဗီလာဟာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ ချဲလ်ဆီးတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။
အမ်မရီက ဝေါကင်းစ်ဟာ ဗီလာအတွက် ကစားပေးခဲ့တဲ့ သက်တမ်းတခုလုံးမှာ စံပြဖြစ်ခဲ့ပြီး အသင်းနဲ့အတူ မျက်ရည်ကျကာ နှုတ်ဆက်ခဲ့ကြောင်း ပြောခဲ့ပါတယ်။
ဒါ့အပြင် ဘိုင်ယန်မြူးနစ်ကနေ အခမဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ကွင်းလယ်လူ ဂိုရက်ဇ်ကာကိုလည်း ချီးကျူးခဲ့ပြီး လာမဲ့အာဆင်နယ်နဲ့ပွဲမှာ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။
Photo:Reuters











